DKBA တပ်ဖွဲ့ဝင်များ ခရီးသွားမည်ဆိုက ဆိုင်ရာ ဆက်ဆံရေးရုံးသို့ အကြောင်းကြားရန် အမိန့်ထုတ်ထား

DKBA တပ်ဖွဲ့ဝင်များ ခရီးသွားမည်ဆိုက ဆိုင်ရာ ဆက်ဆံရေးရုံးသို့ အကြောင်းကြားရန် အမိန့်ထုတ်ထား

နန်းဝေဖြိုးဇာ — ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့် အကြောင်းကြောင့် ဖြစ်စေ ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ ဆက်ဆံရေးရုံးများသို့ သတင်းပို့ပြီး သွားလာရန် မေ ၁၁ ရက်နေ့တွင် DKBA ဗဟို ဌာနချုပ်(ဆုံဆည်းမြိုင်) က အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်သည် အခြားအကြောင်းအရာများ မပါဝင်ဘဲ တပ်ဖွဲ့ဝင်များကို ပြန်လည် ကြပ်မတ် လိုသည့် သဘောသာ ဖြစ်သည်ဟု DKBA မှ ဗိုလ်မှူးကြီး ကျော်သန်းဌေးက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “ ဒီလိုစည်းကမ်းက အရင်ကတည်းကထုတ်ထားပြီးသား။ တချို့က စည်းကမ်းလိုက်နာတာရှိတယ်၊ မလိုက်နာတာရှိတယ်။ အမျိုးမျိုးပေါ့။ ဒါက စည်းကမ်းပြန်တင်းကြပ်ပြီး စနစ်တကျဖြစ်အောင် ပြန်ထိန်း ညှိတဲ့သဘောပါ”ဟု ပြောသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် DKBA စစ်ဗျူဟာများ၊ ဌာနများ၊ တပ်ရင်းများ၊ တပ်ဖွဲ့ဝင်များ စစ်ကြောင်းများ အားလုံးပါဝင်ပြီး ခွင့်နှင့်ဖြစ်စေ တာဝန်အရဖြစ်စေ၊ အရေးပေါ်ကိစ္စကြောင့်ဖြစ်စေ မည်သူမဆို ခရီးသွားမည်ဆိုပါက သတင်းပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA ) ကလိုထူးဘောတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက လက်မှတ်ထိုးထုတ်ပြန်ခြင်းဖြစ်ပြီး အမိန့်စာကို လိုက်နာခြင်းမရှိပါက တပ်ဖွဲ့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း ထိရောက်စွာ အပြစ်ပေး ခြင်းခံရမည်ဖြစ်သည်ဟု အမိန့်စာတွင်ဖော်ပြထားသည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်အဖွဲ့သည် KNU -ကရင်အမျိုးသားအစည်းအရုံး မှ ၁၉၉၄ ခုနှစ်တွင် စတင်ခွဲထွက်ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် -DKBA အဖြစ် ရပ်တည်ခဲ့ ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)အဖြစ် နာမည်ပြောင်းလဲခဲ့သည်။ ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှှု ရပ်စဲရေးသဘောတူ စာချုပ် -NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...