မူဆယ် ကိုဗစ်-၁၉ လူနာ ဆေးရုံ ဆင်းခွင့် ရ

မူဆယ် ကိုဗစ်-၁၉ လူနာ ဆေးရုံ ဆင်းခွင့် ရ
Photo by ထုန့်ဟွေ့လီ
Photo by ထုန့်ဟွေ့လီ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကိုဗစ်-၁၉ လူနာ သည် ဓာတ်ခွဲခန်း အဖြေ နှစ်ကြိမ် Negative  ဖြစ်သဖြင့် ယနေ့ ဆေးရုံ ပေးဆင်းလိုက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၄ရက် တွင် မူဆယ်မြို့ အသက် ၈၇ နှစ် ရှိ အမျိုးသမီး တဦးသည် ကိုဗစ် ၁၉ အတည်ပြုလူနာ အဖြစ် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ကြေညာချက် ထုတ်ခဲ့သည့် သူဖြစ်သည်။

ထိုဧပြီ ၂၄ရက် နောက်ပိုင်း အသက် ၈၇ နှစ် အရွယ် ကိုဗစ်-၁၉ လူနာ ၏ ဓာတ်ခွဲနမူနာကို ထပ်မံစစ်ဆေးရာ Negative ၂ကြိမ်ဖြစ်သဖြင့် ဆေးရုံ မှ ဆင်းခွင့် ပေးလိုက်ကြောင်း မူဆယ်မြို့ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဓာတ်ခွဲခန်း နမူနာ အဖြေက ၂ကြိမ်စလုံး Negative ဖြစ်တယ်။ နောက် အဆုတ်တွေ ကလည်း ကောင်း၊ နေကလည်း ကောင်းတော့ ဆေးရုံကနေ ပေးဆင်းလိုက်တာပါ” ဟု ဒေါက်တာ ဟန်နိုင်စိုး က ဆိုသည်။

ဆေးရုံ ပေးဆင်းပြီးနောက် ဟိုတယ် Quarantine ၇ ရက် နှင့် နေအိမ် Quarantine ၇ ရက် စုစုပေါင်း ၁၄ရက်နေပြီးပါက ထပ်မံစစ်ဆေးပြီးမှ အပြင်သွားလာခွင့်ပြုမည် ဟု လည်း ဒေါက်တာ ဟန်နိုင်စိုး ကပြောသည်။

“ ဆေးရုံဆင်းပြီးရင်တော့ နောက် ၁၄ရက် ဟိုတယ် မှာ ၇ရက်၊ နေအိမ်မှာ ၇ရက်နေပြီးရင် ထပ်စစ်မယ်။ပြီးမှ တခြားလူတွေနဲ့ ထိတွေ့တာတွေ လုပ်လို့ရမယ်” ဟု လည်း ဒေါက်တာ ဟန်နိုင်စိုးက ဆိုသည်။

လက်ရှိ မူဆယ်ပြည်သူ့ဆေးရုံတွင် သံသယ စောင့်ကြည့် လူနာ ၆ဦးရှိပြီး၊ထိုထဲ ၃ဦးသည် ဓာတ်ခွဲခန်း အဖြေ Negative ဖြစ်ပြီး ကျန် ၃ဦးမှာ ဓာတ်ခွဲခန်း နမူနာ ပို့ဆောင်ထားဆဲ ဟု လည်း ဒေါက်တာ ဟန်နိုင်စိုးက ပြောသည်။

“ အဖွား က Negative နှစ်ကြိမ်ဖြစ်ပြီး နေကောင်းတာကြားရတော့ ဝမ်းသာပါတယ်။ အသက်ကလည်း ကြီးပြီးဆိုတော့ စိတ်တော့ပူတယ်။ မဟုတ်ရင် အားလုံးက ဒီရောဂါကို စိုးရိမ်နေကြတာ” ဟု မူဆယ်ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့တွင် ကိုဗစ်-၁၉ လူနာ တဦး ကို ဧပြီ ၂၄ရက် တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း တရုတ်နိုင်ငံ တွင် တင်းကြပ်သည့် စည်းကမ်းများထုတ်ပြန်ကာ တပိုင်တနိုင် ခြံထွက် သီးနှံများ တရုတ်နယ်စပ် သို့ ဖြတ်သန်းရောင်းချခွင့်မရတော့သည့် အခြေအနေဖြစ်ခဲ့သည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...