မြေပုံမြို့နယ် ရေရှင်ကျေးရွာအား တပ်မတော်က ဝင်ရောက်စစ်ဆေး

မြေပုံမြို့နယ် ရေရှင်ကျေးရွာအား တပ်မတော်က ဝင်ရောက်စစ်ဆေး

နှင်းနွယ် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရေရှင်ကျေးရွာတွင် ယနေ့ မေလ(၉)ရက် နံနက်(၆)နာရီ အချိန်ခန့်က ကျေးရွာသား (၇၀) ကျော်အား တပ်မတော်မှ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် အသက်ကြီးပိုင်းအချို့ကို ပြန်လွှတ်ပေးခဲ့ကာ ကျန်လူများကို စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

မြေပုံမြို့နယ် ကံ့ကော်ကျေးရွာဘက်မှလာသော အင်အား ၁၃၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းသည် ရေရှင် ကျေးရွာအား ဝင်ရောက်လာကာ တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ကြောင်း ရေရှင်ကျေးရွာမှ ကိုထွန်းဝင်းက ပြောသည်။

“သူတို့(တပ်မတော်)က ရွာထဲကအိမ်တွေကို အကုန်ဝင်မွှေပြီးတော့ စစ်ဆေးတယ်။ ယောကျာ်းတွေ အကုန်လုံးကို အိမ်ပေါ်က ဆွဲထုတ်ပြီးတော့ ဖမ်းတယ်။ ပြီးတော့ ဒီရွာမှာ AA ရှိလားဆိုပြီးတော့ မေးတယ်။ လူတွေကိုလည်း ရိုက်တယ်” ဟု ၎င်းကဆိုသည်။

ရေရှင်ကျေးရွာမှ ရွာသား ၇၀ ကျော် တပ်မတော်မှ ခေါ်ယူစစ်ဆေးခဲ့ပြီး ထိုအထဲတွင် ၁၀ ကျော်သက်အရွယ် ကျောင်းသားများလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ဆေးခံရသူများထဲမှ အသက် ၅၀ ကျော်အရွယ် သက်ကြီးပိုင်းများကို ပြန်လွှတ်ပေးခဲ့သော်လည်း လူငယ်များကိုမူ ရွာအနီးရှိတောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ပြန်လွတ်လာသူတစ်ဦးက ပြောသည်။

“ရွာထဲမှာ AA ရှိလားဆိုပြီး စစ်မေးတယ်။ အော်ဟစ်ပြီးတော့ မေးတာတော့မဟုတ်ပါဘူး၊ ပုံမှန်စကားပြောသလိုပဲ မေးတာပါ။ သူတို့မေးတာ သေသေချာချာ ပြန်မဖြေတတ်တဲ့ လူငယ်နှစ်ယောက်တော့ အရိုက်ခံရတယ် ” ဟု စစ်ဆေးခံရပြီး ပြန်လွတ်လာသည့် ဦးလပြည့်အောင်က ဆိုသည်။

ထိုသို့ စစ်ဆေးမှုများရှိသဖြင့် ကျေးရွာသားအချို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်ဆေးခံရပြီး ပြန်လွတ် လာသူများမှာလည်း ကျေးရွာအတွင်းမနေရဲသဖြင့် တိမ်းရှောင်နေကြကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရေရှင်ကျေးရွာသားများအား ဖမ်းဆီးကာ ရွာပြင်၌ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခြင်းမှာ မှန်ကန်ကြောင်းနှင့် နောက်ဆက်တွဲအခြေအနေများအား တစုံ တရာ မသိရသေးကြောင်း ပြောသည်။

ယခုဖြစ်ရပ်အား တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရေရှင်ကျေးရွာအနီးတွင် ယခင်က တိုက်ပွဲဖြစ်ပွားမှုများ မရှိသည့်အပြင် ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးခံရသည်မှာလည်း ပထမအကြိမ်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...