ကျောက်တော် တောင်ဘွယ်ကျေးရွာထဲ လက်နက်ကြီးကျည်ကျ၍ ပညာရေးဝန်ထမ်းတစ်ဦးနှင့် (၁၁) နှစ်အရွယ် ကျောင်းသူတစ်ဦးတို့ ဒဏ်ရာရ

ကျောက်တော် တောင်ဘွယ်ကျေးရွာထဲ လက်နက်ကြီးကျည်ကျ၍ ပညာရေးဝန်ထမ်းတစ်ဦးနှင့် (၁၁) နှစ်အရွယ် ကျောင်းသူတစ်ဦးတို့ ဒဏ်ရာရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာအတွင်းသို့ ယမန်နေ့ ည ၈ နာရီခန့်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ ပညာရေးဝန်ထမ်းတစ်ဦးနှင့် ၁၁ နှစ်အရွယ် (၆) တန်း ကျောင်းသူ တစ်ဦးတို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရှိသွားသူ နှစ်ဦးမှာ မူလတန်းပြ သင်တန်းဆင်း ကျောင်းဆရာ မောင်ဦးစိုးသိန်း (၂၉)နှစ် (ဘ) ဦးစံသိန်း (မိ) ဒေါ်အေးဝါကြည်နှင့် ၆ တန်းကျောင်းသူ မသော်တာဖြိုး (၁၁) နှစ်(ဘ) ဦးမောင်လှမြင့် တို့ဖြစ်ကြောင်း တောင်ဘွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

" ကျောင်းဆရာက မူလတန်းပြနဲ့သင်တန်းဆင်းထားတာပါ။ ကျောင်းတွေပြန်ဖွင့်ရင် စာပြရတော့မှာမို့ ရွာမှာ ပညာရေး ကိစ္စတွေ ဆောင်ရွက်နေတာပေါ့နော်။ သူက ဒဏ်ရာပြင်းတယ်။ အဲဒီကျောင်းဆရာရဲ့ လက်တစ်ဘက်ကို ထိသွားတဲ့ အတွက် ဖြတ်တောင် ဖြတ်ပစ်ရမယ့် အခြေနေပါ။ ကျောင်းသူ ကလေးမက ဒဏ်ရာ သိပ်မပြင်းပါဘူး။ လက်နက်က မျောက်တောင်ကျေးရွားနားက တောင်ကုန်းပေါ်က လှမ်းပစ်တာပါ။ လက်နက်ကြီးက ရွာထဲကို တစ်လုံးကျပါတယ်။ ရွာပြင်နားလေးမှာရှိတဲ့ စာသင်ကျောင်းကို နှစ်လုံး ကျပါတယ်။ စာသင်ကျောင်းမှာလည်း ပြတင်းပေါက်မှန်တွေ ကွဲသွားပါတယ် " ဟု တောင်ဘွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ ပြောသည်။

မသော်တာဖြိုးတွင် ဘယ်ဘက်မျက်ခုံးတွင် ဒဏ်ရာ ရရှိခဲ့ပြီး မောင်ဦးစိုးသိန်းတွင် ဘယ်လက်ဝါးခုံ ထိမှန်ကာ ဘယ်ဘက်ခါးနှင့် ဘယ်ဘက်တင်သားတို့၌ ဒဏ်ရာအသီးသီးတို့ရရှိသွားခဲ့သည်ဟု ဆိုသည်။

တောင်ဘွယ်ကျေးရွာမှ အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦက " အဲဒီတောင်ကုန်းပေါ်ကနေ နေ့တိုင်း ဟိုဘက်တောင်ကုန်းတွေကို လှမ်းပစ်ပါတယ်။ မနေ့ကတော့ ရွာထဲကို လာကျတယ်။ အဲဒီမှာ ဒဏ်ရာရတဲ့ ကျောင်းဆရာနဲ့ ကလေးမလေးအိမ်က မျက်နှာချင်းဆိုင်ပါ။ လက်နက်ကြီးက အဲဒီကြားကို ကျလာတာပါ။ အဲဒီမှာ လက်နက်ကြီးအစတွေ လာထိတာပါ။ ကျောင်းဆရာက လက်ဖြတ်ရမယ့် အခြေနေမှာ ရှိပါတယ် " ဟု နိရဉ္စရာသို့ ပြောသည်။

မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာတို့အကြားတွင်တည်ရှိသည့် အဆိုပါ တောင်ကုန်းမှာ တောင်ဘွယ်ကျေးရွာ၏ အရှေ့မြောက်ထောင့်တွင် တည်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...