KNU နှင့် မြန်မာ့တပ်မတော်ပစ်ခတ်မှု နောက်ဆက်တွဲ ဝါသိုခိုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ

KNU နှင့် မြန်မာ့တပ်မတော်ပစ်ခတ်မှု နောက်ဆက်တွဲ ဝါသိုခိုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ

KNU - ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် (တပ်မဟာ-၅) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့အကြား မေလ ၆ ရက်နေ့က ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုများကြောင့် ဖာပွန်မြို့နယ် ဝါကော်ကျေး ကျေးရွာအုပ်စုအတွင်းရှိ ဝါသိုခိုကျေးရွာမှ ရွာသားများမှာ ရွာလုံး ကျွတ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ဖာပွန်- ကမမောင်းကြားရှိ ဝါသိုခိုကျေးရွာနှင့် ဖားလို့လမ်းခွရှိ KNU မူတြော်ခရိုင်၏ COVID-19 ရောဂါကာကွယ် တားဆီးရေးဂိတ်(၂)ခုကို မြန်မာ့တပ်မတော်က မေလ ၆ ရက်နေ့တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နှစ်ဖက်အကြား တင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် ယင်းနေ့ နေ့လည်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည့်အတွက် ဝါသိုခိုရွာသား ၄၈၀ ကျော်မှာ ထိုသို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝါကော်ကျေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောလှဌေးဦးက  “ စဖြစ်တာနဲ့ ရွာလုံး ကျွတ်ထွက်ပြေးကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခါတုန်းက ဖြစ်တာ ရွာသား ၂ ယောက်ထိဖူး တယ်လေ။ အခုရွာမှာ ရွာကိုထိန်းတဲ့သဘောအနေနဲ့ လူကြီးသုံးလေးယောက် လောက်ပဲကျန်တယ်။ အိမ်ခြေ ကတော့ ၇၀ ကျော်၊ လူဦးရေကတော့ ၄၈၀ ကျော်ရှိတယ်” ဟု ၎င်းက ပြောသည်။

ဖာပွန်မြို့နယ် ဝါကော်ကျေး ကျေးရွာအုပ်စုအတွင်းတွင် ဝါကော်ကျေး၊ ကျွန်းတော၊ တံတားဦး၊ ဝါးဒူး ၊ ဝါသိုခိုနှင့် မိဇိုင်းချောင်းဖျား(မယ်ကျိခီး) စသည့်ကျေးရွာများပါဝင်ပြီး ယခုဖြစ်စဉ်တွင် ပစ်ခတ်မှုနှင့် ကိုက်အ နည်းငယ်သာ ကွာဝေးသည့် ဝါသိုခိုကျေးရွာမှ ရွာသားများသာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရဆဲ ရွာသူရွာသားများအနေဖြင့် ဝါကော်ကျေးရွာအုပ်စုအတွင်းရှိ နီးစပ်ရာကျေးရွာများမှ ဆွေးမျိုးအိမ်များ၊ ဝါသိုခိုရွာနှင့်အလှမ်းဝေးသည့် အခြားရွာပြင်ဘက်တဲများနှင့် အချို့မှာ ရော်ဘာခြံများ တွင် ခိုလှုံနေရဆဲဖြစ်ပြီး ရော်ဘာခြံတွင်း ခိုလှုံနေရသူများအတွက် ခြံပိုင်ရှင်က စားသောက်ရေးအတွက် စီစဉ်ပေးနေရ ကြောင်းလည်း ဝါကော်ကျေး ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များကြောင့် လက်ရှိ မြန်မာ့တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ တစ်ဖက်နှင့်တစ်ဖက် တပ်ပိုင်းဆိုင်ရာ အဆင်သင့်နေရာယူမှုများရှိနေသေးသည့်အတွက် ပစ် ခတ်မှုများဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများပြောပြချက်များအရ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...