ရေမသန့်ရှင်းမှုကြောင့် ဘူးသီးတောင်မြို့ပေါ် မြောင်းနားစစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါဖြစ်ပွား

ရေမသန့်ရှင်းမှုကြောင့် ဘူးသီးတောင်မြို့ပေါ် မြောင်းနားစစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါဖြစ်ပွား

ချလူးအောင် — ဘူးသီးတောင်မြို့နယ်တွင် အစိုးရမှဆောက်လုပ်ပေးထားသည့် မြောင်းနားစစ်ဘေးရှောင်စခန်း၌ ဝမ်းရောဂါ ဖြစ်ပွားမှုများရှိနေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

စစ်ဘေးရှောင် ၄၀၀ ကျော်ရှိသည့် မြောင်းနားစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေကန်များ မရှိသဖြင့် မြောင်းနား(မွတ်ဆလင်)ကျေးရွာရှိ ကျွဲ၊ နွားများသောက်သုံးသည့်ရေကန်မှ ရေများကို သောက်သုံးရေအဖြစ် သုံးစွဲနေရကြောင်း စခန်းတာဝန်ခံ ဦးဝေသာခိုင်က ပြောသည်။

လက်ရှိမှာ စစ်ဘေးဒုက္ခသည် ကျား ၉ ဦး၊ မ ၂၄ ဦးမှာ စခန်းအတွင်း ဝမ်းရောဂါဖြစ်ပွားလျက်ရှိကြောင်း ၎င်းကဆိုသည်။

“ကလေးတွေဆိုရင် တစ်နေ့ကို ဝမ်း ၃ ကြိမ်လောက်သွားတယ်။ လူကြီးတွေလည်း ရောဂါဖြစ်နေတာ ရှိပါတယ်။ ကျန်မာရေးဌာနကတော့ တစ်ပတ်မှာတစ်ခါလာတာပါ။ အဓိကရေမသန့်ပါ။ အိမ်သာလည်း အဆင်မပြေပါဘူး” ဟု ဦးဝေသာခိုင်က ပြောသည်။

မေလ ၃ ရက်နေ့က ၎င်းစခန်းအား ကျန်းမာရေးဌာနမှ လာရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သပိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က အဆိုပါစခန်းအား ကျန်းမာရေးဌာနမှ သွားရောက်စစ်ဆေးခဲ့ရာတွင် ရေမသန့်ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်းပြောသည်။

“လူ ၃ ဦးလောက်သာ ဝမ်းရောဂါဖြစ်နေတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဓိကတော့ သူတို့တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတယ်။ ရေမသန့်ဖြစ်နေတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက မြောင်းနားစစ်ဘေးရှောင်စခန်းတွင် ရေနှင့် အိမ်သာများကို ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောသည်။

မြောင်းနားစစ်ဘေးရှောင်စခန်းတွင် အလယ်ချောင်းကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ၊ လက်ပန်ကိုင်း တဲစုကျေးရွာ၊ နတလ ကံ့ကော်မြိုင်ကျေးရွာတို့မှ အိမ်ထောင်စု ၈၆ စု၊ လူဦးရေ ၄၁၆ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးဒဏ်ခံနေ ရသည့်ပြည်သူ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်ရှိကြောင်း စစ်ဘေးဒုက္ခသည်စာရင်း ကောက်ယူ နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...