မြောက်ဦးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ကွယ်လွန်

မြောက်ဦးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ကွယ်လွန်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်(၇၁ နှစ်)သည် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်က စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်းသိရသည်။

ဦးကျော်ကျော်မှာ ဦးနှောက်အမြှေးပါးရောင်ရောဂါခံစားနေရပြီး ဘယ်ဘက်ခြမ်းသွေးကြော ပိတ်ကာ ကွယ်လွန်ခြင်းဖြစ်ကြောင်း သမီးဖြစ်သူ ဒေါ်စံစံသိန်း(ခေါ်)မေချေက ပြောသည်။

"ဧပြီတစ်ရက်နေ့တည်းက စစ်တွေမှာ ဆေးခန်းပြပါတယ်။ ဧပြီ၁၂ ရက်နေ့မှာ နေပြည်တော်ကုတင် တစ်ထောင် ဆေးရုံမှာတက်ပါတယ်။ ၉ ရက်တိတိပါ။ နေကောင်းလို့ အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ခေါင်းက အခြေနေမကောင်းပြန်ဘူး။ အစာလည်းမဝင်တော့ မေ ၁ ရက်နေ့က စစ်တွေ ဆေးရုံထပ်တက်ရတာပါ။ ဒီနေ့ဆုံးတာပါ။ မြောက်ဦးကိုသယ်သွားပါမယ်။ သင်္ဂြိုလ်ဖို့ကိစ္စတွေတော့ မိသားစုနဲ့ တိုင်ပင်ရပါမယ်" ဟု ၎င်းက ပြောသည်။

ဦးကျော်ကျော်မှာ မြောက်ဦးမြို့နယ် တောင်ရပ်(ဘီအိုစီ)ရပ်ကွက် ဇာတိဖြစ်ပြီး ၈- ၇- ၁၉၅၀ ခုနစ်တွင်မွေးဖွားသည်။ ဥပဒေဘွဲ့ (LLB) ရရှိခဲ့ပြီး အငြိမ်းစား အထက်တန်းပြကျောင်း ဆရာတစ်ဦးဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောွ်ပွဲတွင် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး မြောက်ဦးမြို့နယ် မဲန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...