ကျောက်တော်တွင် မိုင်းပေါက်ပြီး စစ်ဘေးရှောင်တစ်ဦးသေဆုံး

ကျောက်တော်တွင် မိုင်းပေါက်ပြီး စစ်ဘေးရှောင်တစ်ဦးသေဆုံး

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးမှာ ပြီးခဲ့သည့် မေ ၄ ရက်နေ့ ညနေ့ ၄ နာရီက မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ အထက်တင်းမကျေးရွာမှ ဦးတောင်လုံး(၄၈)နှစ်ဖြစ်ပြီး ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မိမိ ကျေးရွာသို့ ကျွဲ၊နွားများ ရှာရန်သွားစဉ် တင်းမကျေးရွာအဝင် ဘုန်းကြီးကျောင်းအနီးတွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

“မနေ့က နံနက် ၈ နာရီကျော်လောက်မှာ သူတို့ ၄ ယောက်က ကျွဲ၊နွားရှာဖို့ဆိုပြီး သွားတယ်။ ညနေ ၄ နာရီ ကျော်လောက်မှာ သူကမိုင်းနင်းမိပြီးတော့ ပေါက်ကွဲသွားတာ။ ဘယ်ဖက်ဒူးပြတ်သွားတယ်။ ညာဖက် ခြေထောက်မှာလည်း ဒဏ်ရာရသွားတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် ဦးတောင်လုံးကို သူနဲ့အတူပါသွားသည့် ကျေးရွာသားသုံးဦးမှ စခန်းသို့သယ်ယူလာပြီး ညောင်းချောင်းစခန်းသို့ ညနေ ၈ နာရီကျော်တွင် ရောက်ရှိလာကြောင်း သိရသည်။

“သူနဲ့ပါသွားတဲ့ နောက်သုံးယောက်က သူ့ကိုသယ်လာတယ်။ ကျွန်တော်တို့ဘက်မှာ ၉ နာရီဆိုရင် ညမထွက်ရ အမိန့်ထုတ်ထားတော့ ဆေးရုံပို့ဖို့အခက်ခဲဖြစ်သွားတယ်။ အဲဒီတော့ သရက်တစ်ပင် ကျေးလက်ကျန်းမာရေး ဌာနမှာပဲ ဆေးကုခဲ့တယ်။ ည ၁၁ နာရီလောက်မှာ ဆုံးသွားတာပါ”ဟု ဦးခိုင်မျိုးအောင် ဆိုသည်။

သေဆုံးသူကို မေလ ၅ ရက် နေ့လည် ၁ နာရီကျော်အချိန်တွင် ညောင်ချောင်းကျေးရွာသချိုင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် အထက်တင်းမရွာသားများမှ ညောင်ချောင်းဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထွက်ပြေးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင် အထက်တင်းမကျေးရွာ၌ နေအိမ်များ မီးရှို့ခံရမှုကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း အရပ်သားထိခိုက် ဒဏ်ရာရရှိမှုများ မြင့်တက်လျက်ရှိနေသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...