အစိုးရစစ်တပ်မှ မကြာမီက ထုတ်ပြန်သည့် မောင်တောမြောက်ပိုင်းမှာ “အာဆာတိုက်ခိုက်မှု” သတင်းသည် ယုံစရာမရှိ

အစိုးရစစ်တပ်မှ မကြာမီက ထုတ်ပြန်သည့် မောင်တောမြောက်ပိုင်းမှာ “အာဆာတိုက်ခိုက်မှု” သတင်းသည် ယုံစရာမရှိ

မကြာသေးမီက မောင်တော မြောက်ပိုင်း လုံခြုံရေး တပ်အား “အာဆာအကြမ်းဖက်သမားတို့တိုက်ခိုက်မှု” သတင်း ကို အစိုးရစစ်တပ်သတင်းထုတ်ပြန်ချက်နှင့်ထိုတိုက်ခိုက်မှုကိုပင် အာဆာဘက်မှ တင်ထားသော ဗွီဒီယိုနှင့်ကွဲပြားနေသည့်အတွက် သံသယ ဝင်ဖွယ်ရာ ဖြစ်နေသည်။

 

အစိုးရစစ်တပ်မှ မယုံနိုင်ဖွယ် “အာဆာ အကြမ်းဖက် တို့စခန်း” ကို မောင်တောမြောက်ဘက် ခမောင်းဆိပ် မှာ တွေ့ရှိကြောင်းသတင်း ကြေငြာခါ တပတ်ကြာပြီးနောက် ဧပြီလ ၁၅ ရက်တွင် အာဆာတို့က ရဲနှစ်ဦးကို ထိုနေရာ မှာပင် အသတ်ခံရကြောင်း သတင်း နောက်နေ့တွင် ထွက်လာသည်။

 

ကာကွယ်ရေးဦးစီးချုပ် ဝက်ဖ်ဆိုဒ်တွင် ရဲများသည် အရေးကြီးစာရွက် စာတမ်းများကို သယ်ဆောင်ခါ အောင်ဇူမှ ခမောင်းဆိပ်သို့ ဆိုင်ကယ်နှစ်စီးဖြင့်လာစဉ် ခမောင်းဆိပ်မှ အနောက်မြောက်ဖက် နှစ်ကီလိုမီတာ အကွာတွင် အာဆာ ၃၀ ခန့်နှင့် တိုက်ပွဲဖြစ်တယ်

လို့ဆိုတယ်။ လုံခြုံရေး စစ်ကူများရောက်လာပြီး တိုက်ခိုက်ရာ အာဆာများ အနောက်တောင်ဘက်ကို ဆုတ်သွားကြတယ်။ ရဲ တချို့ကျဆုံးကြတယ်။

 

အောင်ဇူနယ်ခြားစောင့်ရဲ စခန်းမှ အရာရှိတယောက်ရဲ့ပြောကြားချက်ကို ကိုးကားပြီး ဒီဗွီဘီက ထိုသတင်းကို ထုတ်လွှင့်ရာမှာ သေဆုံးသူ နယ်ခြားစောင့်ရဲ နှစ်ဦးမှာ ဒုတပ်ကြပ် အောင်အောင်နဲ့ တပ်သား စည်သူအောင်ဖြစ်ပြီး သူတို့ကိုင်ဆောင်တဲ့ ဘီအေ ၆၃ သေနတ် နှစ်လက်လည်း ပျောက်ဆုံးကြောင်း။ ဝိုးဝါး နေတဲ့ အလောင်းတခုကိုလည်းဖော်ပြပါတယ်။

 

နောက်ရက်အနည်းငယ်ကြာပြီးနောက် ဧပြီ ၁၅ ရက်တွင် အာဆာက တင်ထားတဲ့ ဗွီဒီယိုမှာ ဖေါ်ပြပါသတင်းများနဲ့ မတူညီပါ။  ပထမ ၂၉ စက္ကန့် ဗွီဒီယိုမှာ အရပ်ဝတ်နှင့် လူနှစ်ယောက် ဆိုင်ကယ် တစ်စီးသာပါပြီး လက်နက်တစုံ တရာမပါပါ။

 

သူတို့ကိုလမ်းဘေးမှာ စောင့်ဆိုင်းနေတဲ့ အာဆာဆိုသူ နှစ်ယောက် ထွက်လာပြီးပစ်ခတ်တယ်။ နောက် ၂၅ စက္ကန် ဗွီဒီယို မှာ ယူနီဖေါင်းဝတ် အာဆာဆယ်ယောက်လောက်က ရမ်းသမ်းပစ်ခါ ခဲယမ်း ဖြည့်တင်းပုံမရှိဘဲ “အလ္လာ အက္ကဘာ– အလ္လာဟ်အရှင်မြတ်သည်ကြီးမြတ်တော်မူ၏” လို့ အော်ဟစ်နေကြတာကိုတွေ့ရတယ်။

 

အာဆာတွေက လဲကျသွားတဲ့ ဆိုင်ကယ်ဘက် သွားနေကြတယ်။ ဒါပေမဲ့ ဆိုင်ကယ် ပျက်ပုံ၊ ပါလာသူတွေ ထိခိုက်ပုံ အနီးကပ်မပြပါ။ နယ်ခြားစောင့်ရဲနဲ့ တိုက်ပွဲ ဖြစ်ပုံလည်းမပေါ် ၊ တပ်ကူရောက်တာလည်း မရှိပေ။ ပြဆိုချက်နှစ်ခုက အမှန်တရားဟာ ဘာလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဖြစ်စဉ် နှစ်ခုက သီးခြားစီ ဖြစ်နိုင်တယ်။ အာဆာက နယ်ခြားစောင့်ရဲ ဆိုင်ကယ်တိုက်ခိုက်မှုကို မရိုက်တာ၊ အရပ်သားဆိုင်ကယ်ကို ပစ်ခတ်တာကို သာရိုက်ထားတာ။ အမှန်ဆိုရင် အစိုးရလုံခြုံရေးတပ်ကို တိုက်တဲ့ ဗွီဒီယိုမှသာ အာဆာအတွက် အားကောင်းတဲ့ ဝါဒဖြန့်ရာ ရောက်နိုင်ပြီး အရပ်သားကို တိုက်ခိုက်မှုက ရိုဟင်ဂျာအတွက် ဒေသတွင်းရော နိုင်ငံတကာမှာပါ သိက္ခာ ကျနိုင်ပါတယ်။

 

သတင်းတွေက အဖြစ်အပျက် တခုထည်းအတွက် ဖြစ်နိုင်တယ် ဒါပေမဲ့ ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး သေရတယ် ဆိုပြီး အစိုးရ စစ်တပ်က ချဲ့ကားနိုင်ပါတယ်။ သတင်းထောက်တွေကလည်းလွတ်လွတ်လပ်လပ် မစုံစမ်းနိုင်တော့ အာဆာဟာ သိပ်အန္တရာယ်ကြီးမားတဲ့ အတွက် လုံခြုံရေးအရ ပိတ်ပင်တာ၊ မောင်တော မြောက် ပိုင်းမှာ စစ်တပ်တိုးချတာက သင့်တော်တဲ့ လုပ်ရပ်အဖြစ် စစ်တပ်က မြင်စေချင်လို့ပါ။

 

မေးစရာပိုဖြစ်လာတာက ဒီလောက်လက်နက် အင်အား လူအင်အားရှိတဲ့ စစ်ဝတ်နဲ့ အာဆာက စစ်တပ်လုံခြုံ ရေးစခန်းတွေ ပတ်ပတ်လည်ရှိနေတဲ့ ကွင်းပြင်မှာ ပေါ်လာပြီး ဖြစ်လာနိုင်နဲ့ တုန့်ပြန်မှုတွေကို မမှုဘဲ လမ်းဘေးမှာ ထင်သလို သေနတ်ပစ်ဖေါက် တာကလည်း စဥ်စားစရာပါဘဲ။

 

ခမောင်းဆိပ်ပြင်က ၂၀၁၇ ခုကထည်းက ရိုဟက်ဂျာတွေ လုံးဝ မရှိတော့တဲ့ နေရာပါ။ ဒေသမှာ တပ်စွဲထားတဲ့ အင်အားတရာလောက်ရှိတဲ့  အစိုးရစစ်တပ်ကလည် ပုံမှန်ကင်းလည့်နေပါတယ်။ လွန်ခဲ့ တပတ်က ဒီနေရာမှာ “အာဆာ စခန်း”ကိုတွေခဲ့ရင် ဘာကြောင့် လုံခြုံရေး မတင်းကြပ်ထားတာလဲ။

 

အာဆာတွေ အင်အားပြနိုင်အောင် အစိုးရစစ်တပ်ကဘဲ ခွင့်ပြုပေးသလို ဖြစ်နေတယ်လို့ မတွေးမိဘဲ မနေနိုင် အောင်ဖြစ်စေတယ်။

 

လွန်ခဲ့တဲ့ သတင်းပတ်က ကာကွယ်ရေးဦးစီးချုပ် ဝက်ဆိုဒ်မှာ “မြန်မာနဲ့ ဂမ်ဘီယာ အရေးကိစ္စနဲ့ ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် မေလတွင် မြန်မာနိုင်ငံဘက်မှတင်သွင်းရမည့် အစီရင်ခံစာအား တင်သွင်းရန် အချိန်နီးကပ်လာသဖြင့် ARSA အကြမ်း ဖက်သောင်းကျန်းသူများအနေဖြင့် မြန်မာဘင်ဂလားဒါရှ် နယ်စပ်ဒေသတွင်စိမ့်ဝင်၍ အဖျက်အမှောင့်နှင့် တိုက်ပွဲများဖေါ်ဆောင်ရန်ရှိ‌ကြောင်း သတင်းရရှိခဲ့သည်။” ဆိုတဲ့ ကြိုပြော ထားချက်တွေနဲ့ ကိုက်ညီအောင် ဖြည့်ဆည်းပေး နေတာဖြစ်တယ်။

 

အာဆာနဲ့ အစိုးရစစ်တပ်တို့ အကြားဘယ်အဆင့်အထိ နားလည်မှုလုပ်ထားလဲ ဆိုတာမေးစရာရှိလာတယ်။ အာဆာ ရဲ့စစ်ဆင်ရေးကို ခွင့်ပြုထားလား၊  ဒါမှ မဟုတ် စစ်တပ်က ခိုင်းတဲ အတိုင်း အာဆာကလုပ်နေတာလား ပေါ့။ အာဆာတွေရဲ့ လုပ်ပုံက ရိုဟင်ဂျာလူမျိုးတွေအတွက် ဘာမှ ကျေးဇူးမရှိဘူး။ ICJ လုပ်ငန်းစဉ် လုပ်ဆောင် နေတဲ့ အခုလို အချိန်မှာ လမ်းလွဲအောင် ဘာကြောင့်မလုပ်သင့်လဲ ဆိုတာ ဦးနှောက်ရှိတဲ့ ရိုဟင်ဂျာတိုင်း သိနိုင်ပါတယ်။ မြန်မာ အစိုးရက ကာကွယ်ပြောကြားနေတဲ့ ၂၀၁၇ ခုနှစ် “ရှင်းလင်းမှု စစ်ဆင်ရေး” လုပ်ကြံ ဇတ်လမ်းတွေအတိုင်း ဘာကြောင့် ကပြနေရတာလဲ။ စစ်တပ်က မျိုးပြုန်းသတ်ဖြတ်ရေး မလုပ်ပါဘူး၊ အကြမ်းဖက် သူတွေကို သာ နှိမ်နင်းစဉ် အရပ်သားတွေကို မတော်တဆ ထိခိုက်နေတာပါ လို့ အကြောင်းပြတယ်။

 

ဒီမေးခွန်းဟာ အမြန်မေးဖို့ လိုအပ်နေတယ်။လွတ်လပ်တဲ့ မြန်မာ သတင်းသမားတွေဟာ အစိုးရ ရဲ့ တဖက် သတ်ဆန်တဲ့ လက်တွေ့မကျတဲ့ သတင်းအချက်အလက်တွေကို အားပေးထောက်ခံတာ ရပ်သင့်ပါပြီ။

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...