တာချီလိတ်ဆေးရုံတွင် ကိုဗစ်-၁၉ သံသယ လူနာ ၁ဦးရှိ

တာချီလိတ်ဆေးရုံတွင် ကိုဗစ်-၁၉ သံသယ လူနာ ၁ဦးရှိ
Photo တာချီလိတ်ဒေသခံ
Photo တာချီလိတ်ဒေသခံ

နန်းဆိုင်ဖူး — မြန်-ထိုင်း နယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ စောင့်ကြည့် သံသယလူနာ ၁ ဦး ရှိကြောင်း သိရသည်။

အဆိုပါ စောင့်ကြည့်လူနာသည် မေလ ၃ ရက်နေ့က ရောက်ရှိလာပြီး ဖျားခြင်း၊ လည်ချောင်းနာခြင်း နှင့် ချောင်းဆိုးခြင်း စသည့်  ကိုဗစ် လက္ခဏာ ရှိတာ နှင့် ဆေးရုံတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆေးရုံမှာ သံသယ လူနာ ၁ ယောက်ပဲရှိတယ်။ ဟိုဘက်ကမ်း (ထိုင်း) ဘက်မှာ အလုပ်လုပ်ပြီး ပြန်လာတာ။ ဓါတ်ခွဲနမူနာ ယူထားပြီး ၆ ရက်နေ့မှာ ပို့မှာ ဖြစ်ပါတယ်” ဟု တာချီလိတ်ပြည်သူ့ဆေးရုံ ဒေါက်တာရွှေဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဧပြီ ၁၈ ရက်နေ့က ဆေးရုံမှာ ဆရာဝန် တစ်ဦး Positive ဖြစ်တာနှင့် ပတ်သက်ပြီး ဆေးရုံရှိ ဆေးရုံအုပ် အပါ ကျန်းမာရေးဝန်ထမ်း ၂၀ ကျော် Quarantine ဖြစ်ခဲ့ကြောင်း သိရသည်။

“အခုတော့ ဆေးရုံက အခြေနေ အားလုံး ကောင်းတယ်။ ကောင်းကောင်းလည်ပတ်လို့ရနေပါပြီ။ Fever Clinic လည်း ဖွင့်ထားပေးတယ်” ဟု ဒေါက်တာရွှေဝင်း က ပြောသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ပိုးတွေ့လူနာ ၁၅၅ ဦးရှိပြီး သေဆုံးသူ ၆ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၄၃ ဦး ရှိကြောင်း သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...