ကပ်ရောဂါအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားနိုင်ရေး အပစ်ရပ် EAOs အွန်လိုင်းဖြင့် ဆွေးနွေးမှုပြု

ကပ်ရောဂါအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားနိုင်ရေး အပစ်ရပ် EAOs အွန်လိုင်းဖြင့် ဆွေးနွေးမှုပြု

လတ်တလော COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကပ်ရောဂါအလွန် တွင် ဆက်လက်သွားနိုင်ရေး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့၏ (၁၀)ကြိမ်မြောက်အစည်းအဝေးကို အွန်လိုင်းအစည်းအဝေးပုံစံဖြင့် မေလ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင် နှစ်ဖက် ဆွေးနွေးထားမှုများအရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောကုကို ယခုကာလတွင် ပြုလုပ်ရန် ဆုံးဖြတ်ထားသော်လည်း လတ်တလော COVID-19 ကြောင့် ရွှေ့ဆိုင်း ထားရပြီး ၎င်းကို ကပ်ရောဂါအလွန်ကာလများတွင် ကျင်းပနိုင်ရေး အခင်းအကျင်းများကို မေလ ၄ ရက်နေ့ ပြုလုပ်သည့် အွန်လိုင်း အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်အမှာစကား၌ ပြောဆိုထားသည်။

ထို့အပြင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများကို အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆက်လက်ဆွေးနွေးရန် ရှိသလို အစိုးရ ညှိနှိုင်းရေး အဖွဲ့နှင့် တရားဝင် တွေ့ဆုံဆွေးနွေးနိုင်သည့် နည်းလမ်းများကိုလည်း အဆိုပါ အွန်လိုင်း အစည်းအဝေးတွင် ဆွေးနွေးရှာဖွေသွားမည်ဟု ဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၈ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)၏ အစည်းအဝေး သဘောတူညီချက် (၈)ချက်ထဲတွင် ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း၏ ပထမ လေးလတာ ကာလ အတွင်း ကျင်းပရန် နှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ချုပ်ဆိုမည့် စာချုပ်ပုံစံတို့ကို သဘောတူခဲ့ကြသည်။

ထို့အပြင် ဗိုလ်မှူးကြီးစိုင်းငင်း၏ အဖွင့်အမှာစကားအရ ဧပြီလ ၂၇ရက်နေ့က အစိုးရမှ ဖွဲ့စည်းလိုက်သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ရေးကော်မတီ နှင့် ၎င်းတို့အကြား တွေ့ဆုံ ဆွေးနွေးရေးအပြင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ နေရာဒေသများတွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် COVID-19 ကာကွယ်ထိန်း ချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၂၇ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၂၈ရက်တွင် အမိန့် ကြော်ငြာစာထုတ်ပြန်ထားသည်။

အလားတူ လက်ရှိ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့နေသည့် COVID-19 ကပ်ရောဂါအခြေအနေများ၊ ၎င်းကပ်ရောဂါနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဒေသများတွင် ပညာပေး၊ ကာကွယ်တားဆီး ထိန်းချုပ် ရေးဆိုင်ရာ လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များကိုလည်း အစည်းအဝေးတွင် ထည့်သွင်းဆွေး နွေးသွားမည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...