ကျိုင်းတုံ ကိုဗစ်-၁၉ လူနာ ၃ဦး ကျန်းမာရေး ကောင်းလာ

ကျိုင်းတုံ ကိုဗစ်-၁၉ လူနာ ၃ဦး ကျန်းမာရေး ကောင်းလာ

နန်းဆိုင်ဖူး — သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံ ကိုဗစ်-၁၉ လူနာ ၃ ဦးသည် ကျန်းမာရေး အခြေနေကောင်းကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ လူနာများမှာ လူနာ အမှတ် ၆၄ ၊ လူနာ အမှတ် ၉၆ နှင့် လူနာ အမှတ် ၁၁၂ တို့ ဖြစ်ကြောင်း သိရသည်။

“လူနာ အမှတ် ၆၄ က တတိယအကြိမ် ဓါတ်ခွဲနမူနာ စစ်ဆေးရာမှာ Negative ဖြစ်ပြီး၊ လူနာ အမှတ် ၉၆ က ဒုတိယအကြိမ်မှာ Negative ဖြစ်တာ။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံ မှ ဒေါက်တာ လှဌေးမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့ပြင် လူနာ အမှတ် ၁၁၂ သည် ဒုတိယအကြိမ် ဓါတ်ခွဲနမူနာ ယူရာတွင် Positive ဖြစ်နေသေးကြောင်း ဒေါက်တာ လှဌေးမင်း ကပြောသည်။

“၃ ယောက်စလုံးက ကျန်းမာရေး အခြေနေကောင်းတယ်။ Negative ဖြစ်ပြီး ၄၈ နာရီ ကြာရင် ထပ်တစ်ခါ ဓါတ်ခွဲ နမူနာ ယူပြီး စစ်ဆေးနေရတယ်” ဟု ဒါက်တာ လှဌေးမင်း က ဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုးတွေ့ရှိသူ ၁၅၅ ဦး ရှိပြီး ဆေးရုံမှ ဆင်းခွင့်လူနာ ၄၃ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်သည်။

သျှမ်းပြည်နယ်တွင် ပိုးတွေ့ လူနာ ၇ ဦး အနက် ၂ ဦးက ဆေးရုံမှ ဆင်းခွင့်ရပြီး ၅ ဦး သာ ကျန်ရှိသေးကြောင်း သိရသည်။

သျှမ်းပြည်တွင်း ပိုးရှိလူနာ ၅ ဦးသည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဆေးရုံမှာ ၃ ဦး ၊ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ဆေးရုံမှာ ၁ ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ ၁ ဦး ရှိကြောင်း သိရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...