တောင်ကြီးမြို့နယ် ည မထွက် ရအမိန့် ချိုးဖောက်သူ ၄၀ ရှိ

တောင်ကြီးမြို့နယ် ည မထွက် ရအမိန့် ချိုးဖောက်သူ ၄၀ ရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်နယ်တွင် ည မထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် စည်းကမ်းချိုးဖောက်သူ အယောက် ၄၀ ကျော် ရှိကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ ရက်နေ့ COVID- 19 ကာလ ထိန်းချုပ်သည့်အနေဖြင့် သျှမ်းပြည် မြို့နယ်အတွင်းရှိ ည ၁၀ နာရီ မှ မနက် ၄ နာရီထိ အပြင်မထွက်ရ အမိန့်ထုတ်ထားကြောင်း သိရသည်။

“အားလုံးတော့ အရေးယူထားတာ မဟုတ်သေးဘူး။ တစ်ချို့ကလည်း အမိန့်ချပြီးသားရှိတယ်။ တစ်ချို့တွေက အသက်မမှီတာတွေ ရှိတယ်။ တော်တော်များများက အမိန့်ချထားပြီးသား ဖြစ်ပါတယ်။ အယောက် ၄၀ ပတ်ဝန်းကျင် ရှိသွားပြီ” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အမိန့်ချိုးဖောက်သူ အားလုံးသည် တောင်ကြီးမြို့အပါအဝင် အေး သာယာမြို့ နှင့် ရွှေညောင်မြို့ တို့လည်း ပါဝင်ထားကြောင်း သိရသည်။

“နေရာအစုံပဲ တောင်ကြီး အေးသာယာ ရွှေညောင်ပါတယ်။ နယ်ဘက်ခြမ်းတွေလည်းပါတယ်။ နယ်ဘက်ခြမ်းက လိုက်နာမှု အားကောင်းတယ်ပေါ့။ မြို့ဘက်ခြမ်းမှာ ဖြစ်တာများတယ်” ဟု ဦးဖြိုးမင်းထိုက် ကပြောသည်။

Covid-19 ထိန်းချုပ်နိုင်ရန်အတွက် သျှမ်းပြည်တွင်းရှိ ညမထွက်ရ အမိန့် ကို ၂ လ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...