မင်းပြားမြို့နယ် အမ်းသားရွာနှင့် သေကန်ရွာရှိ စစ်ဘေးရှောင် ၁၆ဝဝ ကျော်အတွက် နေထိုင်ရန် အဆောက်အဦးများလိုအပ််နေ

မင်းပြားမြို့နယ် အမ်းသားရွာနှင့် သေကန်ရွာရှိ စစ်ဘေးရှောင် ၁၆ဝဝ ကျော်အတွက် နေထိုင်ရန် အဆောက်အဦးများလိုအပ််နေ

မာန်ယုကျော် (ရွှေဝမြေ) — ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အမ်းသားရွာနှင့် သေကန်ကျေးရွာများသို့ရောက်ရှိနေသည့် စစ်ဘေးရှောင်ဦးရေ ၁၆ဝဝ ကျော်နေထိုင်ရန် အဆောက်အဦများလိုအပ်နေသည်ဟု သိရသည်။

အမ်းသားကျေးရွာတွင် စစ်ဘေးရှောင် ၃ဝဝ ကျော်နှင့် သေကန်ကျေးရွာတွင် ၁၃ဝဝ ကျော်ရှိပြီး ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆွေမျိုးအိမ်များတွင် ဖြစ်သလို အိပ်နေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

"ဒီအတိုင်း မြေကြီးပေါ်မှာဆိုတော့ မိုးရောက်လာရင် အခက်အခဲကြုံရမှာပေါ့။ ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်စားမလဲ။ ရွာကိုလည်း မပြန်ရဘဲ ဘယ်မှာလုပ်စားမလဲ။ အခု မြေကြီးပေါ်မှာလေ။ မိုးတွေ ရွာလာရင် အခက်အခဲကြုံရတော့မယ်။ ကလေးတွေကလည်း ဖျားကြတယ်။ အနာဖြစ်ကြတယ်။ အခု မြေးတစ်ယောက်လည်း ဖျားတယ်။ မြေကြီးပေါ်မှာ အိပ်နေရလို့လေ။"ဟု ဖားပြိုကျေးရွာမှ အမ်းသားရွာသို့ ထွက်ပြေးလာသူ ဒေါ်မသိန်းခိုင်က ပြောသည်။

အမ်းသားရွာနှင့် သေကန်ရွာသို့ရောက်နေကြသည့် စစ်ဘေးရှောင်များသည် မင်းပြားမြို့နယ်အတွင်းမှ ဖားပြို၊ သလူချောင်း၊ စိတ္တရ၊ ပြိုင်းချနှင့် အိုးပုံတောင်စသည့်ရွာများက ဖြစ်သည်။ ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လမှစတင်ကာ အိုးပစ်အိမ်ပစ်ထွက်ပြေးလာခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြသည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဌ ကိုအမ်းသားကြီးက "သူတို့တွေမှာ အဆောက်အဦက အရေးတကြီး လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် မိုးက ရွာလာတော့မယ်။ မိုးရွာလာတော့ အခုနေကြရတဲ့လူတွေက မြေပြင်မှာ တာပေါ်လင်စတွေခင်း၊ တာပေါ်လင်စတွေအနေအထားနဲ့နေကြရတယ်။ အနည်းဆုံးအဆင့် အောက်က ဝါးလေးတစ်လုံးနှစ်လုံးစီပြီးနေနိုင်အောင်အတွက် အဆောက်အဦလိုမယ်။ အခုက သူတို့ဟာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေအောက်မှာ ကြမ်းခင်းမရှိဘဲ အိပ်နေကြရပါတယ်။" ဟု ပြောသည်။

သူတို့၏စားရေးသောက်ရေးသည်လည်း အခက်အခဲဖြစ်နေကြသည်ဟု ကိုအမ်းသားကြီးက ဆက်ပြောသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော်အထိ ရှိနေပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ဧပြီ ၃ဝ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...