KNUနှင့် အစိုးရ ပူးတွဲတည်ထောင်သည့် လေးကေ့ကော်မြို့သစ်၌ အလုပ်အကိုင်ရှားပါးမှု ပြဿနာကို မဖြေရှင်းနိုင်သေး

KNUနှင့် အစိုးရ ပူးတွဲတည်ထောင်သည့် လေးကေ့ကော်မြို့သစ်၌ အလုပ်အကိုင်ရှားပါးမှု ပြဿနာကို မဖြေရှင်းနိုင်သေး
by -
မဇ္ဈိမ
စစ်ဘေးရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ ပူးပေါင်းတည်ထောင်ထားသည့် လေးကေ့ကော်မြို့သစ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ မဖန်တီးပေးနိုုင်သေးကြောင်း မြို့တည်ဆောက်ရေးနှင့်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးစောဌေးမြင့်အောင်က ဆိုသည်။

“အထူးသဖြင့် ဒီမှာက စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှာပေးဖို့အတွက် အခက်အခဲရှိနေတယ်။ ကျွန်တော်တို့ လုပ်ငန်းစဉ်ကလည်း ပြန်လည်နေရာချထားပေးဖို့ဆိုတဲ့အဆင့်ကိုသွားနေတဲ့အတွက် အလုပ်အကိုင်ရရှိရေးတို့ စားဝတ်နေရေးပြေလည်ဖို့အတွက် စီစဉ်ပေးနေတာတော့ မရှိသေးဘူး” ဟု စောဌေးမြင့်အောင်က ပြောသည်။

မြဝတီခရိုင် လေးကေ့ကော်မြို့သစ်စီမံကိန်း၌ လက်ရှိတွင် အိမ်ခြေပေါင်း ၆၅၀ ရှိနေပြီး လူဦးရေအားဖြင့် ၃၂၀၀ နီးပါး နေထိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေးကေ့ကော်စီမံကိန်းအား အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုုပါ မြို့သစ်တွင်ပြန်လည်အခြေချနေုထိုုင်နေသည့် စစ်ဘေးရှောင်ပြည်သူများသည် လေးကေကော်မြို့ပတ်ဝန်းကျင်များတွင်သာ စပါးရိတ်၊ ပဲရိတ်ခြင်းများ၊ တောင်ယာလုုပ်ငန်းများကိုုသာ ရာသီအလိုုက် လိုုက်ကိုုင်နေကြရပြီး အများစုုမှာ ထိုုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ပေါ်သိုု့သွားရောက်ကာ ကြံုရာကျဘမ်းလုုပ်ကိုုင်နေကြကြောင်းသိရသည်။

 “စက်ရုံလေးဘာလေးရှိရင် ပုံမှန်အလုပ်ရှိမှာပေါ့နော်၊ ကလေးတွေ မိဘတွေနဲ့ နီးနီးနားနားနေရတယ်၊ အခုက အလုပ်မရှိတော့ ကလေးတွေနဲ့ တကွဲတပြားတွေသွားနေရတယ်ပေါ့”ဟု လေးကေ့ကော်မြို့သစ်၌ ပြောင်းရွေ့အခြေချနေထိုင်သူ မဇင်မာလွင်က  ဆိုသည်။

ပြီးခဲ့သည့် နှစ်အစောပိုုင်းတွင် ထိုင်းနိုင်ငံနယ်စပ်စခန်းမှ လေးကေ့ကော်သို့ ပြောင်းရွေ့လာသည့် စောထေ့ဖိုးနို့ကလည်း “အလုပ်က အရမ်းရှားတယ်၊ လုပ်ရင်းစားရင်းနဲ့ ဆိုပေမယ့် စားရတာ သောက်ရတာ အခက်အခဲရှိတယ်” ဟု ပြောသည်။

မူလကနဦးရည်ရွယ်ချက်အရ ကရင်အမျိုးသားအစည်းအရုံး၏ တပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် လေးကေ့ကော်မြို့သစ်ကို တည်ထောင်ခြင်း ဖြစ်သော်လည်း ယခုအချိန်တွင်မူ ပြည်တွင်းရွေ့ပြောင်းသွားလာနေသူများပါ လာရောက်အခြေချ နေထိုင််လျှက်ရှိကြသည်။

ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း (၉ )ခုုတွင် မြန်မာနိုုင်ငံမှ စစ်ဘေးရှောင်ဒုက္ခသည်များ လူဦးရေပေါင်းတစ်သိန်းခွဲခန့် ရှိနေသေးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာနှင့် ထိုုင်းနှစ်နိုင်ငံအစိုးရတို့အကြား ဆွေးနွေးသဘောတူညီမှုဖြင့်  ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုုဖြစ်သည့် နိုုုုဖိုုးဒုုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ ဦးသည် ပထမအသုုတ်အနေဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

အဆုုိပါ ဒုုက္ခသည်များမှ ၁၇ ဦးမှာ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြပြီး ကျန်သည့်မိသားစုုများက ၄င်းတိုု့၏ သက်ဆိုုင်ရာ နေရပ်ဒေသအသီးသီးပြန်သွားကြကြောင်း သိရသည်။

ရန်ကုန်ရှိ အစိုုးရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၇ ဦးအတွက် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်ကျပ် ၃,၀၀၀ ကို စတင်ရောက်ရှိသည့်နေ့မှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ  ထောက်ပံ့ပေးမည်ဖြစ်သော်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ရောက်ရှိနေသည့် ကျန်ရှိသည့်ဒုက္ခသည်များမှာမူ အခက်အခဲများ တွေ့နေကြဆဲဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...