မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ရှိ တံတား ပြည်တော်ပြန် မရှိသေး

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ရှိ တံတား ပြည်တော်ပြန် မရှိသေး
Photo by U Htun Maesai/ ထိုင်းနယ်စပ် တာချီလိတ်ရှိ တံတား(၂) သို့ ဧပြီ ၆ ရက်က ရောက်ရှိလာသူ ပြန်တော်ပြန်များ။
Photo by U Htun Maesai/ ထိုင်းနယ်စပ် တာချီလိတ်ရှိ တံတား(၂) သို့ ဧပြီ ၆ ရက်က ရောက်ရှိလာသူ ပြန်တော်ပြန်များ။

နန်းဆိုင်ဖူး — သျှမ်းပြည်အရှေ့ပိုင်း မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)မှတဆင့် ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန်များ စာရင်းပေးသွင်းထားခြင်း မရှိသေးကြောင်း မေလ ၁ ရက်နေ့တွင် သိရသည်။

 

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက “ပြည်တော်ပြန်တွေ ဒီနေ့ (မေ၁) ထိတော့ ကျနော်တို့ဆီ စာရင်း ပေးထားတာတော့ မရှိသေးဘူး။ လာမယ်ဆိုရင် လက်ခံပါတယ်။ လာဖို့က ဟိုဘက်ကမ်းမှာ ဘယ်သူမှ မရှိနေဘူး” ဟု ပြောသည်။

ထိုင်း - မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက်မြို့မှ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွင်  ပြည်တော်ပြန်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ခံသွားရန် ရှိကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ပြည်တော်ပြန် ဝင်ရောက်မှု လက်ခံနိုင်ရန် စာရင်းပြုစုနေကြောင်း သိရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...