တောင်ကြီး Covid-19 စောင့်ကြည့် လူနာ တစ်ဦး သေဆုံး

တောင်ကြီး Covid-19 စောင့်ကြည့် လူနာ တစ်ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် Covid-19 သံသယလူနာ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ပြင်းထန် အဆုတ်ရောင်လက္ခဏာနဲ့ ဆေးရုံ တက်နေတာ။ သံသယလူနာအနေနဲ့ ကုထားတာ။ သူ့ရဲ့ ဓါတ်ခွဲနမူနာကိုတော့ ၂၇ ရက်နေ့က NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန) ကိုတော့ ပို့ထားတယ်။ ဓါတ်ခွဲအဖြေတော့ မရသေးဘူး”ဟု ပြည်နယ် အထူးရောဂါ နှိမ်နင်းရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောသည်။

သေဆုံးသူသည် ရပ်စောက်မြို့နယ်နေ အသက် ၅၀ အရွယ် အမျိုးသမီး ဖြစ်ပြီး စဝ်စံထွန်းဆေးရုံသို့  ဧပြီ ၂၃ ရက်နေ့က တက်ရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း ဒေါက်တာနှင်းအိဖြူက ပြောသည်။

“သူ့ ဓါတ်ခွဲအဖြေ မထွက်သေးတော့ Covid-19 ပိုးရှိသူလို့တော့ ပြောလို့မရသေးဘူး။ ဓါတ်ခွဲအဖြေက ၃ ရက်လောက် ထပ် စောင့်ရမယ်။ သူက နိုင်ငံခြားသွားထားတဲ့ ရာဇဝင်တော့မရှိဘူး”

၎င်းအမျိုးသမီးသည် ရောဂါပိုး ရှိသူနှင့် ထိတွေ့မှု မရှိ၊ နိုင်ငံခြား ခရီးသွား ရာဇဝင်မရှိ၊ သို့သော် သားဖြစ်သူမှာ မတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံမှ ပြန်လာသူ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၂၉ ရက်ထိ Covid-19 ရောဂါ အခြေအနေမှာ ပိုးတွေ့ရှိသူ ၁၅၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ပြန်လည်သက်သာလာသူ ၂၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...