မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာ အရေးပေါ်လိုအပ်နေ

မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာ အရေးပေါ်လိုအပ်နေ

အောင်ထိန် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများ မရောက်သောကြောင့် ဆန်ရိက္ခာပြတ်လပ်တော့မည်ဟု စခန်းတာဝန်ရှိသူများထံက သိရသည်။

အဆိုပါစခန်းတွင် ဆန်ရိက္ခာ ( ၅ ) ရက်စာအတွက်သာကျန်ရှိနေပြီး နောက်ရက်များတွင် ကူညီထောက်ပံ့သူမြား မရှိပါက ရိက်ခာပွတျလပျမှုနှင့် ကြုံတွေ့လာနိုင်ကြောင်း စခန်းတာဝန်ခံ အရှင်အာရက္ခက မိန့်ကြားသည်။

“အခုရှိတာကို ဒုက္ခသည်တွေကို ပေးထားပြီးပြီ။ နောက်ထပ် အပိုဆန်ရိက္ခာ မရှိတော့ဘူး။ ငါးရက်စာအတွက် ကုန်ရင်တော့ စခန်းအတွက် အခက်အခဲဖြစ်လာနိုင်တယ်” ဟု အရှင်အာရက္ခက မိန့်ကြားသည်။

ယင်းသို့ ဆန်ရိက္ခာပြတ်လပ်ရခြင်းမှာ လူမှုကူညီရေးအသင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများက လာရောက် ကူညီထောက်ပံ့ပေးမှု နည်းပါးလာသည့်အတွက်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“အမ်းဘက်လာလာတဲ့ ကူညီရေးအသင်းတွေကိုဆိုရင် ကဇုကိုင်းနားမှာ တားဆီးခံရတယ်။ ဒီဘက်ကဆိုရင် ယောချောင်းနားမှာ ထားဆီးတယ်။ အဲဒီလိုတားဆီးမှုတွေရှိလို့ အလှူရှင်တွေကလည်း စစ်ဆေးမှုရှိလို့ မလာရဲတော့ဘူး” ဟု အရှင်အာရက္ခက မိန့်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စညှင်း၊ ဟင်းခရော်၊ အင်ကြင်းစသည့် ကျေးရွာများမှ ဒေသခံ (၄၀၀)ကျော် လာရောက်ခိုလှုံနကွေခွငျးဖွစျသညျ။

“တကယ်လို့ ရိက္ခပြတ်လပ်သွားရင်လည်း အနီးအနားက ရွာတွေကလူတွေ ကျွေးမွေးဖို့အတွက် အဲဒီရွာတွေမှာလည်း လူတွေမရှိတော့ဘူး။ တကယ်လို့ အလှူရှင်မရောက်လို့ ရိက္ခာပြတ်လပ်သွားရင် အကုန်လုံးက ငတ်မှာသေချာတယ်”ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ဆန်၊ ဆီ၊ ဆားများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဆက်လက်စစ်ရေးတင်းမာနေပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောငျနရေသညျ။ လကျရှိအခြိနျတှင် ပြည်နယ်တွင်း စစ်ဘေးရှောင် တစ်သိန်းငါးသောင်ကျော် အထိရှိလာကာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...