စစ်တွေသို့ အခြားတိုင်းနှင့်ပြည်နယ်မှ လာသူများ Quarantine ဝင်ရမည်

စစ်တွေသို့ အခြားတိုင်းနှင့်ပြည်နယ်မှ လာသူများ Quarantine ဝင်ရမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အခြားတိုင်းနှင့်ပြည်နယ်မှ  ကား၊လေကြောင်းတို့ဖြင့် ဝင်ရောက်လာသူများသည် စစ်တွေမြို့တွင် ၂၁ ရက်ကြာ Quarantine ဝင်ရမည်ဟု ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) ထံမှ  သိရသည်။

ယခင်က တခြားတိုင်းနှင့်ပြည်နယ်မှ ဝင်ရောက်လာသူများကို စစ်တွေမြို့တွင် Quarantine မလုပ်ဘဲ ၎င်းတို့မြို့နယ်များသို့ သွားရောက်ခွင့်ြပုခဲ့သည်။ သို့သော် ဧပြီလ ၂၅ ရက်နေ့မှစတင်ကာ ဝင်ရောက်လာသူများသည် Quarantine ဝင်ရမည်ဟု ပြည်နယ်အစိုးရက ညွှန်ကြားထားသည်ဟု AHCT ထံမှ သိရသည်။

“တချို့လူတွေက အိမ်ပြန်ချင်ကြတယ်၊ ထိန်းလို့မရဘူးလို့ အဲဒီလို ကျနော်တို့ဘက်က ပြောတော့ သူတို့(အစိုးရ)မှာလည်း ထုတ်ပြန်ချက်က ဒီလိုရှိတယ်။ အိမ်ကို ပြန်လို့မရတော့ဘူးလို့ပြောတယ်” ဟု AHCT အတွင်းရေးမှူး ကိုကျော်ဆန်းလှိုင်က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် အဆိုပါလမ်းညွန်ချက်များကို မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း AHCT မှ သိရသည်။

လက်ရှိတွင် အစိုးရက ဘုမေဝန်ထမ်းအိမ်ရာနှင့် တိုင်းရင်းဆေးရံုတွင် Facility Quarantine Center ပြုလုပ်ထားပြီး AHCT ကလည်း စစ်တွေ အ.ထ.က (၄)တွင် Community Base Quarantine Center ပြုလုပ်ထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...