ရခိုင်တိုက်ပွဲများကြောင့် မီးလောင်သွားသည့် နေအိမ်များ တင်ပြလာပါက ထောက်ပံ့ပေးမည်

ရခိုင်တိုက်ပွဲများကြောင့် မီးလောင်သွားသည့် နေအိမ်များ တင်ပြလာပါက ထောက်ပံ့ပေးမည်

ရခိုင်ပြည်နယ်တွင် တိုက်ပွဲအကျိုးဆက်ကြောင့် လက်နက်ကြီးကျရောက်ခြင်း (သို့မဟုတ်) မီးရှို့ခံရခြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်ပြီး တင်ပြလာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ထောက်ပံ့ပေးသွားမည်ဟု ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

မတ်လ ၂၂ ရက်နေ့တွင် တိုက်ပွဲအကျိုးဆက်ကြောင့် မီးလောင်ဆုံးရှုံးသွားသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာက နေအိမ် (၅၀၀)ကျော်အတွက် ငွေကျပ်သိန်း (၉၀၀)ကျော်ကို ဧပြီလ ၂၂ ရက်နေ့က ထောက်ပံ့ပေးခဲ့သည်ဟု ယင်းဦးစီးဌာနထံမှ သိရသည်။

မီးလောင်ပျက်စီးသွားသည့် ဝါးအိမ်ဆိုလျှင် ငွေတစ်သိန်းကျပ်ထောက်ပံ့သည်၊ ပျဉ်ထောင်အိမ်ဆိုလျှင် ငွေနှစ်သိန်းကျပ်ထောက်ပံ့ပြီး တိုက်အိမ်ဆိုလျှင် သုံးသိန်းကျပ်ထောက်ပံ့သည်ဟု ယင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက DMG သို့ပြောသည်။

“ ကျွန်တော်တို့က အိမ်အမျိုးအစားအပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနက လုပ်ထုံးလုပ်နည်းနဲဲ့အညီ ထောက်ပံ့ပါတယ်။ ဝါးအိမ်ဆိုရင် တစ်သိန်းထောက်ပံ့ပါတယ်။ နောက်ပြီးတော့ ပျဉ်ထောင်အိမ်တွေဆိုရင် နှစ်သိန်းထောက်ပံ့ပြီးတော့ တိုက်အိမ်တွေဆိုရင် သုံးသိန်းထောက်ပံ့ပါတယ်” ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် တင်းမကျေးရွာသားများမှာ ကျောက်တော်မြို့နယ်ရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြပြီး မိမိနေရပ်သို့ ပြန်လိုကြသော်လည်း လုံခြုံရေးအခြေအနေကြောင့် မသွားရဲဖြစ်နေသည်။

“ကျွန်တော်တို့တော့ ရွာမှာပဲသွားနေချင်တယ်၊ ဒါပေမဲ့ မလုံခြုံတော့ ဘယ်သူမှ သွားမနေရဲကြဘူး” ဟု တင်းမကျေးရွာမှ ကိုဦးထွန်းသိန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ လက်ရှိတွင် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်အထိ ရှိလာပြီဖြစ်သည်။

<><><>

ပုံစာ - ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင် မွတ်ဆလင်ကျေးရွာကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က လက်နက်ကြီးကျည်ကျ၍ နေအိမ်နှစ်ဆောင်  မီးလောင်ကျွမ်းသွားသည်။ (ဓာတ်ပုံ - ဦးအောင်သောင်းရွှေ / Facebook)

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...