ကိုဗစ်-၁၉ ရှိ မရှိ တစ်ရက်လျှင် လူ‌ ၁၃၀၀ ဦး စစ်ဆေးနိုင်သည့်စက် ရန်ကုန်ရောက်ရှိ

ကိုဗစ်-၁၉ ရှိ မရှိ တစ်ရက်လျှင် လူ‌ ၁၃၀၀ ဦး စစ်ဆေးနိုင်သည့်စက် ရန်ကုန်ရောက်ရှိ
စက် ပစ္စည်းများကို ကွန်တိန်နာကားထဲမှာ တွေ့ရစဉ်(ပုံ- Saw Nay Nwe)
စက် ပစ္စည်းများကို ကွန်တိန်နာကားထဲမှာ တွေ့ရစဉ်(ပုံ- Saw Nay Nwe)

လာဘ်ရတနာဗိုလ် — ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ တစ်ရက်လျှင် လူ ၁၃၀၀ ဦးကို စစ်ဆေးပေးနိုင်သည့် Roche Cobas 6800 Analyzer စက် အပါအဝင် ၎င်းနှင့်တွဲဖက် အသုံးပြုမည့် ရောဂါရှာဖွေရေးဆေးရည် SARS-CoV-2 Reagent တို့ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဧပြီ ၂၂ တွင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစက်မှာ ရှစ်နာရီအတွင်း လူပေါင်း ၃၈၀ ဦးကျော်၊ ၂၄ နာရီအတွင်း လူပေါင်း ၁၃၀ဝ ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ/မရှိ အလိုအလျောက် (Automatic) နည်းလမ်းဖြင့် စစ်ဆေးပေးနိုင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက "သူက ဆင်တာကို ငါးရက်နဲ့အပြီး ဆင်မယ်ပြောတယ်။ နိုင်ငံတကာမှာ အဲ့လိုစက်မျိုးဆင်ရင် သုံးပတ်ကြာတယ်တဲ့။ အဲ့ဒါကို ငါးရက်နဲ့အပြီး အင်ဂျင်နီယာတွေ ၁၅ ယောက်တောင် ရှိတယ်တဲ့။ သူတို့ဝိုင်းပြီး (တပ်)ဆင်ပေးလိမ့်မယ်"ဟု ပြောသည်။

စက်ကို အသုံးပြုနိုင်ရန် ရက်သတ္တပတ်တစ်ပတ်ခန့် အနိမ့်ဆုံး ကြာမြင့်မည် ဖြစ်သည်။

အဆိုပါ စက်ကို AA Medical  Product Ltd (Pacific-AA Foundation)က လှူဒါန်းခြင်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ Roche Diagnostics ကုမ္ပဏီက ထုတ်လုပ်ကြောင်း သိရသည်။

စက်ကို လှူဒါန်းသည့် ဦးဇော်မိုးခိုင်၏ ဇနီးဖြစ်သူ ဒေါက်တာစောနေနွယ်က “NHL တွင် အဆိုပါစက်ထားမည့် lab(ဓာတ်ခွဲခန်း)အခန်း အဆင့်မြှင့်တင်ခြင်းလည်း ပြီးစီး၍ စက်နှင့် reagent(ဓာတ်ကူပစ္စည်း) များ ရောက်ရှိပါက စက်တပ်ဆင်ခြင်း၊ test run(စမ်းသပ်မှု)လုပ်ခြင်းနှင့် live run လုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်တော့ မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်မိပါတယ်”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာထက် ရေးသားဖော်ပြထားသည်။

Roche Cobas 6800 Analyzer စက်အပါအဝင် ၎င်းနှင့်တွဲဖက် အသုံးပြုနိုင်သော ဆက်စပ်ပစ္စည်းများသည် အမေရိကန် နိုင်ငံမှ ဂျာမနီနိုင်ငံ ဖရန့်ခ်ဖွတ် လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် ပေ ၄၀  အအေးခန်းကွန်တိန်နာ သုံးလုံးဖြင့် ဆက်လက် တင်သွင်း သယ်ဆောင်လာ ရာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီသို့ ဧပြီ ၂၁ ရက်က ရောက်ရှိခဲ့ပြီးနောက် မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကြီးအတိုင်း  ရန်ကုန်သို့ သယ်ဆောင်လာရာ ဧပြီ ၂၂ နံနက် ၃ နာရီခွဲတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

စက်တန်ဖိုးမှာ ငွေကျပ်သိန်းပေါင်း ၈၃၅၂ သိန်း ရှိကြောင်းလည်း သိရသည်။

 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...