သမ္မတလွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် မွတ်ဆလင် ၈၀၀ ကို ရခိုင်မြို့နယ်အသီးသီးသို့ ပို့ဆောင်

သမ္မတလွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် မွတ်ဆလင် ၈၀၀ ကို ရခိုင်မြို့နယ်အသီးသီးသို့ ပို့ဆောင်

ခိုင်ရိုးလ၊ ချလူးအောင် — သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် မွတ်ဆလင်  ၈၀၀ ဦးကို  ဧပြီလ ၂၀ ရက်နေ့ က ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့ကာ မြို့နယ်သုံးမြို့နယ်ခန့်ကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရသည်။

ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူးတွင် အကျဉ်းထောင်၊ စခန်းအသီးသီးရှိ မွတ်ဆလင် (၈၀၀) ဦးအပါအဝင် အကျဉ်းသားဦးရေ ၂၅၀၀၀ ခန့်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် ၎င်းတို့ကို တပ်မတော်ရေယာဉ်များဖြင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး စောင့်ကြည့်ထားခြင်း ရှိ မရှိ ဒေသခံများက စိုးရိမ်နေကြသည်။ သို့သော်  သက်ဆိုင်ရာမြို့နယ်များတွင် ၂၁ ရက်ကြာ စောင့်ကြည့် ထားသည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးစိုးလွင်က DMG သို့ပြောသည်။

“သူတို့ကို Quarantine ၂၁ ရက်ထားတယ်လို့တော့ ကြားပါတယ်။ သူတို့တွေက စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော် အဲဒီသုံးမြို့နယ်က အများဆုံးပါတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တွေမှာပဲ Quarantine ထားတာပါဗျာ” ဟု ၎င်းကဆိုသည်။

မောင်တောဒေသသို့ ပြန်ပို့ခံရသည့် မွတ်ဆလင် ကိုရာဇာက မိမိတို့ဒေသတွင် အလုပ်အကိုင် ရှားပါးသော ကြောင့် ရန်ကုန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သည့် ဒေသကိုမဆို လွတ်လပ်စွာသွားလာခွင့်ပေးရန်လည်း အစိုးရကိုတောင်းဆိုခဲ့သည်။

“သွားလာခွင့်ပြုစေချင်ပါတယ်။ အစိုးရကိုလည်း ကျနော်တို့က တိုက်တွန်းချင်ပါတယ်။ မောင်တောမှာ လုပ်ကိုင် စားသောက်ဖို့ အခွင့်အလမ်းက နည်းတယ်။ ရန်ကုန်မှာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေများတယ်။ အဲဒါကြောင့် ရန်ကုန်တက်ပြီး အလုပ်အကိုင်သွားလုပ်တာပါ။ အဲဒါပဲ။ ကျန်တဲ့ရည်ရွယ်ချက်တော့ မရှိပါဘူး”ဟု ကိုရာဇာက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က မွတ်ဆလင်နှင့် ရခိုင်လူမျိုးတို့ကြား ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခဖြစ်ပွားခဲ့သည်။ သို့သော် လက်ရှိတွင် ပြဿနာဖြစ်ပွားမှု လျော့နည်းလာပြီး ဆက်ဆံရေးပိုမို ကောင်းမွန်လာကာ စီးပွားရေးအရလည်း ကူးလူးဆက်ဆံမှုများ ရှိသည်ကို တွေ့ရသည်။

နိုင်ငံတွင်း အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသတွင်း နေထိုင်သည့် ရခိုင်နှင့်မွတ်ဆလင်များသည် ရန်ကုန်နှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ သို့သော် ယင်းသို့သွားရောက်သည့် မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရပြီး ရခိုင်ပြည်နယ်သို့ပြန်ပို့ခံနေရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...