ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်မှုများ ရှိနေကြောင်း SNA ကြေညာချက် ထုတ်ပြန်

ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်မှုများ ရှိနေကြောင်း SNA ကြေညာချက် ထုတ်ပြန်

ပြည်သူလူထုအကြား အဖွဲ့အပေါ် အထင်အမြင်လွဲမှားကြောက်ရွံ့မှုများ ပေါ်ပေါက်စေရန် ဆောင်ရွက်မှုများ ရှိနေကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် SNA က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည် ။

အဆိုပါကြေညာချက်တွင် SNA အနေဖြင့် အဓမ္မစစ်သားစုဆောင်းခြင်း ပေါ်တာဆွဲခြင်း အကြောင်းမဲ့ ညှဥ်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းများ မည်သည့်အခါမှ ဆောင်ရွက်ခြင်းမရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်နေကြောင်း လူထုကြားသို့ ဝါဒဖြန့်ချိမှုများ မြင်တွေ့ကြားသိနေရကြောင်း ၊ ပြည်သူများအနေဖြင့် သတိထားနိုင်ပါရန် အသိပေးကြောင်း ဖော်ပြပါရှိသည် ။

SNA နှင့် မြန်မာ့တပ်မတော်တို့ ဧပြီလ ၁၇ ၊ ၁၈ ရက်များက တိုက်ပွဲ ဖြစ်ပွားခဲ့အပြီး လူထုကြားတွင် ယင်းသို့ ကောလဟလများ ထွက်နေခဲ့သဖြင့် စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည် ။

" တကယ်ဖြစ်ခဲ့သလားဆိုတာ သွားစုံစမ်းတော့လည်း ဘယ်သူမှ တိတိကျကျမသိဘူး ။ လူထုကြားထဲ စိုးရိမ်မှုများအောင် ဝါဒဖြန့်တယ်လို့ပဲ မြင်ပါတယ်” ဟု ဥရုချောင်းအနီး ကျေးရွာတစ်ခုမှ ကိုဆိုင်မုန်းက ပြောကြားသည် ။

ကောလဟလများထွက်ပေါ်မှုကြောင့် လူငယ်အချို့ ရွာပြင်ထွက် အိပ်စက်ရခြင်းများ ရှိနေခဲ့ကြောင်းလည်း ဖောင်းပြင်မြို့နယ်မှ လူငယ်တစ်ဦးက ပြောကြားသည် ။

 



SNA facebook page

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...