၂၄ နာရီအတွင်း လူ ၁,၄၀၀ ခန့် COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးနိုင်မည့်စက် မြဝတီမှတဆင့် ရန်ကုန်သို့ ဆက်လက်သယ်ဆောင်

၂၄ နာရီအတွင်း လူ ၁,၄၀၀ ခန့် COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးနိုင်မည့်စက် မြဝတီမှတဆင့် ရန်ကုန်သို့ ဆက်လက်သယ်ဆောင်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ မြဝတီနယ်စပ် အမှတ်(၂)တံတားမှတဆင့် သယ်ဆောင်လာသည့် ၂၄ နာရီအတွင်း လူဦးရေ ၁,၄၀၀ ခန့်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး နိုင်မည့် စက်နှင့်ဆက်စပ် ပစ္စည်းများ ဧပြီ ၂၁ မွန်းလွဲ ၂နာရီကျော်က မြဝတီမြို့သို့ ရောက်ရှိလာပြီး ထိုမှတဆင့် ရန်ကုန်မြို့သို့ ဆက်လက်သယ်ဆောင်သွားကြောင်း သိရသည်။

၎င်း Covid-19 ရောဂါပိုး စစ်ဆေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီ နယ်စပ် အမှတ် ၂ တံတားမှတဆင့် ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်လာရာ မြဝတီခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦအောင်ချမ်းငြိမ်း၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြဝတီ ခရိုင်ပြည် သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဦး၊ မြဝတီမြို့နယ် အကောက်အခွန်ဦးစီးဌာနမှူး ဦးလှမျိုးအောင်တို့ ကြိုဆိုခဲ့ကြသည်။

“ဒီနေ့ မွန်းလွဲ ၂း၂၀ မိနစ်ခန့်မှာ ထိုင်းနိုင်ငံဘက်ကနေ မြဝတီနယ်စပ် အမှတ် ၂ တံတားမှတဆင့် ကွန်တိန်နာကားတွေနဲ့ သယ်ဆောင်ပြီး မွန်းလွဲ ၂း၄၀ နာရီအချိန်မှာ မြဝတီမြို့ကနေ ရန်ကုန်သို့ ဆက်လက်ထွက်ခွာသွားပါတယ်။ ဒီညဦးပိုင်းလောက် ရန်ကုန်မြို့ကို ရောက်ရှိနိုင်ပါတယ်”ဟု မြဝ တီမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောသည်။

Photo: Nay Naw

အဆိုပါ COVID-19 ရောဂါစစ်ဆေးသည့် စက်အပါအဝင် ကျပ်သိန်း ၈,၀၀၀ ကျော်တန်ဖိုးရှိ ဆက်စပ် ပစ္စည်းများကို AA Medical Products Ltd မှ ဧပြီ ၅ ရက်က ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အခမ်းအနားဖြင့် လှူဒါန်းခဲ့သည်ဟု သိရသည်။

ယင်းဓာတ်ခွဲစစ်ဆေးစက်ကို ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတွင် ထားရှိစစ်ဆေး သွားမည်ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...