ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးစစ်ဆေးခံရသူ (၃၈) ဦးအနက် (၃၃) ဦးပြန်လွတ်

ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးစစ်ဆေးခံရသူ (၃၈) ဦးအနက် (၃၃) ဦးပြန်လွတ်

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၈ ဦးကို တပ်မတော်မှ ဧပြီလ ၂၀ ရက်နေ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၃၃ ဦးသာ ပြန်လွှတ် ပေးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နံနက်ပိုင်းက တပ်မတော်သားများမှ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကျေးရွာသား ၃၈ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ပြန်လွတ်မြောက်လာသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းက DMG သို့ ပြောသည်။

“ကျွန်တော်တို့ကို မျက်နှာဖုံးအုပ်ပြီးတော့စစ်တယ်။ ကျွန်တော်တို့ကုိ AA သောင်းကျန်းသူတေွနဲ့ ဆက်သွယ်မှုရှိလားဆိုပြီး မေးတယ်။ ပြီးတော့ မျက်နှာတွေနဲ့ နောက်ကျောတွေကိုရိုက်တယ်။ ကျွန်တော်တို့လည်း ဆက်စပ်မှုမရှိဘူးဆိုပြီးတော့ ဖြေတယ်။ ကျန် ၅ ယောက်ကိုတော့ သူတို့ ပြန်မလွှတ်ပေးသေးဘူး ”ဟု ပြန်လွတ်မြောက် လာသူ ကျေးရွာအုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဒေသခံငါးဦးအခြေနေကို စောင့်ကြည့်လျက်ရှိကြောင်းနှင့် ကူညီနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“၃၃ ေယာက္လႊတ္လုိက္တယ်။ ၅ ယောက်ကိုစစ်ဆြေးပီးမှ ရဲဖက်ပြောင်းပြီး လုပ်ထုံးလုပ်နည်းတိုင်း လုပ်တယ် ပြောထားတော့ ကျွန်တော်တို့ဘက်ကလည်း လုပ်ဖို့ခက်ခဲနေတယ်။ တကယ်လို့ ၁၀ ရက်နီးပါးနဲ့ မလွှတ် ပေးဘူးဆိုရင် စာတင်မယ်လို့တော့ လုပ်ထားတာတွေရှိတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

အဆိုပါ ကျောက်ဆိပ်ကျေးရွာတွင် အိမ်ခြေ ၂၅၀ နီးပါးရှိကာ လူဦးရေ ၃၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ကျေးရွာသားများမှာ အနီးအနားရှိကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှ သိရသည်။

ထိုသို့ ကျောက်ဆိပ်ကျေးရွာသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ေဇာ်မင်းထွန်းနှင့် အနောက်ပိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို DMG မှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် နံနက် ၈ နာရီခန့်ကလည်း ကျောက်ဆိပ်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦးသေဆုံးကာ ၁၃ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

ထိုသို့ကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်များမှာ တပ်မတော်ဘက်မှ ပစ်ခတ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုမှုများရှိနေသည်။

ယင်းသို့ ကျောက်ဆိပ်ကျေးရွာအတွင်း တပ်မတော်မှပစ်ခတ်သော လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့သည်ဟု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြောဆိုဖြန့်ချိနေမှုများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ရေးသားပြောဆို ဖြန့်ချိနေခြင်းသာဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

Caption ; တပ်မတော်၏ ဖမ်းဆီးစစ်ဆေးခြင်းကိုခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူတစ်ဦး၊ (Photo - facebook)

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...