SNA နှင့် တပ်မတော် တိုက်ပွဲဖြစ်

SNA နှင့် တပ်မတော် တိုက်ပွဲဖြစ်

ရှမ်းနီအမျိုးသားတပ်ဖွဲ့ (SNA) နှင့် မြန်မာ့တပ်မတော်တို့ ဧပြီ ၁၇ ညနေပိုင်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ဧပြီ ၁၈ နံနက်ပိုင်းမှာလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း SNA မှ အရာရှိအဆင့် ရှိသူတစ်ဦးက ပြောသည်။

"မနက် လေးနာရီခွဲလောက်မှာ ထပ်ဖြစ်တယ်။ ခုထိတော့ ဆုတ် မသွားသေးဘူး။ အင်အားတွေလည်း ထပ် တိုးလာတယ်။ ဒီအတိုင်း ဆက်တိုးလာရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ့် သဘောရှိတယ်"ဟု ၎င်းက ဆိုသည် ။

အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများက လက်နက်ကြီးသံများ ကြားရကြောင်း ပြောသည် ။

ဟုမ္မလင်းမြို့အခြေစိုက် ခလရ တပ်ရင်း ၂၂၂ ဦးဆောင် တပ်က SNA တပ်မဟာ ၇၅၃ ဒေသကို ဧပြီ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ပြီး ယင်းနေ့က ည ၈ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်မှု ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ရခြင်းနှင့်ပတ်သက်၍ "လွန်ခဲ့တဲ့ လေးငါးဆယ်ရက်လောက်က ကျွန်တော်တို့ဘက်က မူးယစ်ဆေးဝါး ဖမ်းဆီးမိတာတွေ အပြစ်ပေးခဲ့တာတွေ ရှိတယ်။ အပြစ်ပေးခံရသူတွေက စစ်တပ်ကို သွားတိုင်တယ်လို့လည်း ကြားရတယ်။ ဒီကိစ္စကို မကျေနပ်လို့ ခုလို လာလုပ်တာလို့ပဲ ယူဆတယ်"ဟု SNA မှ အမည်မဖော်လိုသည့် အရာရှိအဆင့်ရှိသူတစ်ဦးက ပြောသည် ။

တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်၍ နှစ်ဖက် ညှိနိူင်းမှု တစ်စုံတစ်ရာ မရှိသေးကြောင်းလည်း သိရသည် ။

တိုက်ပွဲကြောင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေပြီး ရွှေ့ပြောင်းမှုများလည်း ရှိနေကြောင်း ကနဦး စုံစမ်းသိရှိရသည် ။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...