မြစ်ရေစည်းချက် . . . ဧရာဝတီ (၆)

မြစ်ရေစည်းချက် . . . ဧရာဝတီ (၆)
by -
သန့်ဇော်(သန်လျင်)

အကျိုးရှိတယ်လား

မြန်မာပြည်မြောက်ဖျားက ချီဖွေချောင်းကို တမံပိတ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရရှိလို့ လူတွေအတွက် အကျိုးရှိနေတာက တစ်ဖက်၊ မသမာလောဘဇောတွေနဲ့ စည်းကမ်းမရှိ မြေရှားသတ္ထုတွေကို အကြီးအကျယ်ထုတ် လုပ်ပြီး ပတ်ဝန်းကျင်ပျက်စီးအောင် လုပ်ဆောင်နေတာကို မဟန့်တားနိုင်တာနဲ့ မြစ်ရေထိန်းသိမ်းမှု ညံ့ဖျင်းလို့ ရေရှည်အကျိုးအတွက် ဒုက္ခရောက်ကြမှာက တစ်ဖက်ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ မီဒီယာအခန်းကဏ္ဍကနေလေ့လာမယ်ဆိုရင် တော်တော်များများမီဒီယာတွေကတော့ ချီဖွေငယ်လျှပ်စစ်ဓာတ်အားထုတ်လုပ်တာ သဘာဝပတ်ဝန်းကျင် အလွန်ထိခိုက်ပျက်စီးနေကြောင်း၊ တောတောင် ရေမြေနဲ့ သဘာဝပတ်တန်းကျင်ထိခိုက်နေကြောင်း စတဲ့ အကောင်းတစ်ခုမှမရှိ ရေးသားထားပြီး ဓာတ်ပုံတွေဆိုလည်း အဆိုးဆုံးတွေကို ဖော်ပြကြတာကို လေ့လာရပါတယ်။ တချို့မီဒီယာ အနည်းငယ်လောက်ကတော့ အလွန်အမင်းကို အကောင်းဖက်က လျှပ်စစ်ဓာတ်အားတွေ ဘယ်လောက်ထိအောင်ရလို့ ဒေသခံတွေ သဘောကျနှစ်ခြိုက်ကြောင်း၊ အရင်ကထက် ဘယ်လို တိုးတက်သာယာ ဝပြောလာကြောင်း စတဲ့ အစွန်းနှစ်ဖက်ကနေ ရေးသားဖော်ပြတာကိုလည်း လေ့လာမိပါတယ်။

 တကယ်တန်း အသေးစိတ်လေ့လာကြည့်တဲ့အခါ မြန်မာပြည်မြောက်ဖျားမှာ ဘယ်တုန်းကမှ အိပ်မက်မမက်ဘူးခဲ့တဲ့ လျှပ်စစ်မီးကို အနီးပတ်ဝန်းကျင်ဒေသခံတွေနဲ့ မြစ်ကြီးနားအထိ ဖောဖောသီသီသုံးစွဲရတာတွေ လျှပ်စစ်မီးကို အခြေပြုပြီး စက်မှုလုပ်ငန်းတွေနဲ့ ထုတ်ကုန်တိုးတက် လာတာတွေကိုမြင်တွေ့ရပါတယ်။

ချီဖွေချောင်းကို ရေအားလျှပ်စစ်ဓာတ်အားထုတ်ရန် တမံပိတ်လိုက်ရတဲ့အတွက် တမံအောက်ပိုင်းက ငါးမျိုးစိတ်တွေဟာ တမံအထက်ပိုင်းနဲ့ မေခမြစ်ထဲမှာ ကျက်စားရှင်သန်နေကြတဲ့အတွက် ပျက်သုဉ်းသွားတယ်လို့တော့ ပြောမရပါဘူး။ စိတ်မကောင်းစရာကတော့ ချီဖွေချောင်းတမံ အထက်ပိုင်းက မြေရှားသတ္ထုတွေကို အကြီးအကျယ်ထုတ်လုပ်ပြီး အဲဒီက အသုံးပြုတဲ့ ဓာတုဆေးရေ အရောအနှောတွေဟာ အထိန်းအကွပ်မဲ့ ချီဖွေချောင်းထဲ စွန့်ပစ်နေတာကို တာဝန်ရှိသူတွေက လုံးဝမတားဆီးနိုင်တာဘဲ ဖြစ်ပါတယ်။ ချောင်းကို တမံပိတ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်တာ တကယ်တော့ ချောင်းထဲကရေတွေ ဆုံးရှုံးပျောက်ကွယ်သွားတာမဟုတ်ဘဲ ချောင်းရေစီးဆင်းမှု (သို့မဟုတ်) ရေပမာဏကို လိုအပ်သလို ထိန်းညှိခြင်းသာ ဖြစ်ပါတယ်။

ယခုလတ်တလော ချီဖွေချောင်းရဲ့ အခြေအနေကတော့ မြေရှားသတ္ထုတွေကို အကြီးအကျယ်ထုတ်လုပ်နေကြလို့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုမရှိဘဲ ချောင်းရေဟာ ညစ်နွမ်းပျက်စီးနေပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ အခက်အခဲဖြစ်ပေါ်နေတာတွေ့ရပါတယ်၊ ဒါကြောင့် သက်ဆိုင်ရာများက ထိန်းကျောင်းတည့်မတ်ပေးမယ်ဆိုရင် မဖြစ်သင့်တာတွေ မဖြစ်တော့ဘဲ လျှပ်စစ်မီး မမှန်တဲ့ ဒေသတွေလည်း လျှပ်စစ်မီးမှန်လာပါလိမ့်မယ်။ ကုန်ထုတ်လုပ်ငန်းတွေလည်း တိုးတက်လာပါလိမ့်မယ်။

အကယ်၍ အဲဒီ ချီဖွေချောင်းကို ထိန်းသိမ်းမှု အချိန်မီ မပြုလုပ်ခဲ့ရင်တော့  . . . . .။   ။

ဆက်လက်ဖော်ပြပါမည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...