ကပ်ဘေးကာလ ဒုက္ခသည်စခန်းတွင် Food card စားနပ်ရိက္ခာ တန်ဘိုး ၅ ရာခိုင်နှုန်း ယာယီ တိုးပေးမည်

ကပ်ဘေးကာလ ဒုက္ခသည်စခန်းတွင် Food card စားနပ်ရိက္ခာ တန်ဘိုး ၅ ရာခိုင်နှုန်း ယာယီ တိုးပေးမည်

စအိုင်ဆူး — ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း(၉)ခုတွင် Food card စနစ်ဖြင့် ထုတ်ပေးနေသည့် စားနပ်ရိက္ခာတန်ဘိုးကို ၅ ရာခိုင်နှုန်း ယာယီတိုးပေးသွားရန် စီစဉ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြန်မာ ဒုက္ခသည်စခန်း (၉)ခုအတွက် စားနပ်ရိက္ခာ အဓိက ထောက်ပံ့ပေးနေသည့် The Border Consortium (TBC)က  စခန်းတာဝန်ရှိသူများကို ဧပြီ ၇ တွင် အသိပေးလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း COVID-19 ရောဂါ ကျရောက်မှုကြောင့် စခန်းအဝင်အထွက်များကြပ်တည်းလာမှုအပေါ် လက်ရှိရရှိနေသည့် အခြေခံ ထောက်ပံ့မှု များအပြင် ထပ်မံလိုအပ်မှုများကိုဖြည့်စွက်သောဝင်ငွေများရှာဖွေရန် အကန့်အသတ်များရှိလာခြင်းကြောင့် ယခုလို ပြောင်းလဲရခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ဒုက္ခသည်ကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက “ဒုက္ခသည်စခန်းအားလုံးအတွက်ပါပဲ။ ဒီဧပြီလ အကုန်လောက်မှ စပေးမှာဖြစ်တယ်။ အဲ့ဒီ Food card ကို များသောအားဖြင့် လကုန်မှ ပိုက်ဆံထည့်ပေးတာ ကိုး။ ဒုက္ခသည်အားလုံးကို တပြေးညီပေးမှာပါ” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် လတ်တလောတွင်လည်း အချို့သော ကုန်စျေးနှုန်းများလည်း မြင့်တက်လားခြင်းကြောင့် အဆိုပါ ကုန်စျေးနှုန်း မြင့်မားလာမှုကို အစားထိုးသည့်အနေဖြင့် လက်ရှိ ရရှိနေသောငွေပမာဏ၏ ၅ ရာခိုင်နှုန်းကို တိုးပေးခြင်းဖြစ်ပြီး တိုးမြှင့်ပေးမှု အသေးစိတ်ကို စခန်းကော်မတီသို့ပေးပို့သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

၂၀၁၆ခုနှစ်၊ ဇူလိုင်လမှစ၍ TBCမှ စားနပ်ရိက္ခာကဒ်စနစ်ဖြင့် အသုံးပြုမှုကို နို့ဖိုးနှင့် ထမ့်ဟင် ဒုက္ခသည်စခန်းများ တွင် စတင်စမ်းသပ်အသုံးပြုလာခဲ့ရာမှ အောင်မြင်မှုရှိ၍ ယနေ့ စခန်း (၉)ခုစလုံးတွင် ကဒ်စနစ်ဖြင့်သာ အသုံးပြု ရာတွင် အိမ်ထောင်စု တစ်စုစီအတွက် လစဉ် ၆ လသားမှ ၅နှစ်အရွယ်ကလေးငယ်များအတွက် တစ်ဦးလျှင် (၁၈၇) ဘတ်၊ ၅နှစ်အထက် ၁၈နှစ်အထိအရွယ်များအတွက် (၃၀၅)ဘတ်နှင့် ၁၈ နှစ်အထက်အရွယ်များကို လည်း (၃၀၅)ဘတ်စသည်ဖြင့် အသီးသီးရရှိကြသည်ဟု သိရသည်။

ယခု ကပ်ရောဂါ ကာလအတွင်း ယာယီ ၅ ရာခိုင်နှုန်းပေးအပ်သွားမည့် အစီအစဉ်ကို ယခုလ ဧပြီလကုန်မှစ၍ စတင်ပြောင်းလဲပေးအပ်သွားမည်ဖြစ်ပြီး ၃ လတာ ပေးအပ်သွားမည်ဟုလည်း စခန်းတွင်းတာဝန်ရှိသူများက ဆို သည်။

မယ်လဒုက္ခသည်စခန်းမှ အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ နော်ကိုလိုဝါးက“တိုးပေးရင် အကျိုးကျေးဇူး အများကြီးဖြစ်စေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ စခန်းထဲမှာနေရတာ ဘယ်မှ သွားလို့ လာလို့မရဘူးလေ။ အခု စခန်းအပြင်ထွက်ရင် အဖမ်းခံထိတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ သူတွေအတွက် ဒါက ကောင်းချီးပေးမှုတစ်ခုပါပဲ။ အခုဆို ကုန်စျေးနှုန်းတွေလည်း တက်ကုန်ပြီလေ။ ”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင်လည်း မြန်မာဒုက္ခသည်များတွင် ဝင်ထွက်သွားလာမှုများကို ထိုင်း အာဏာပိုင်များမှ တင်း ကြပ်ထားပြီး စခန်းတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိသေးသော်လည်း စခန်းတွင်း နေထိုင်သူများအား ကျန်းမာ ရေး တာဝန်ရှိသူများ၏ သတိပေး ပြောကြားမှုများကို လိုက်နာဆောင်ရွက်ရန်လည်း တာဝန်ရှိသူများက တိုက် တွန်းထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...