တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ညီလာခံ ရက်ရွှေ့ဆိုင်းထား

တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ညီလာခံ ရက်ရွှေ့ဆိုင်းထား
၂၀၁၃ ခုနှစ်က ဟုမ္မလင်းမြို့ ရှမ်းနီပါတီ(ကျားနီပါတီ)ဆိုင်းဘုတ်တင်ပွဲ
၂၀၁၃ ခုနှစ်က ဟုမ္မလင်းမြို့ ရှမ်းနီပါတီ(ကျားနီပါတီ)ဆိုင်းဘုတ်တင်ပွဲ

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံကို ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

ညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်တွင် ဧပြီ၂၈ မှ၃ဝ ရက်နေ့အထိ ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုင်းကျော်ထွေးထံမှ သိရသည်။

"အခုက ကိုရိုနာကြောင့် အစိုးရကလည်း လူစုလူဝေး မလုပ်ရဘူးဆိုလို့ နားထားရတယ်”ဟု အဆိုပါပါတီ ဟုမ္မလင်းမြို့နယ် ဘဏ္ဍာရေးမှူး ဦးရွှေဉာဏ်က ပြောသည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် ကိုဗစ် - ၁၉ ကူးစက်ပြန့်ပွားမှု စိုးရိမ်ချက်ကြောင့် မြန်မာတစ်နိုင်ငံလုံး လူစုလူဝေးများ၊ ပွဲလမ်းသဘင်များ အပါအဝင် အခြား မည်သည့်ပွဲမျှ မကျင်းပရန် နိုင်ငံတော်က တားမြစ်ထားသည်။

လစ်လပ်သွားသည့် ဗဟိုကော်မတီများ ပြန်လည်ရွေးချယ်မှုများ၊ မြို့နယ်အသီးသီး၏ ပါတီအခြေအနေများကို ပါတီညီလာခံတွင် လေ့လာသုံးသပ်မည်ဟု ဦးစိုင်းကျော်ထွေးက ဆိုသည်။ မူဝါဒအချို့ကိုလည်း ပြင်ဆင်ဖြည့်စွက်မှုများ၊ ပယ်ဖျက်မှုများ လုပ်ဆောင်နိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တိုင်းလိုင်ရှမ်းနီပါတီကို ၂ဝ၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂ နှစ်လျှင်တစ်ကြိမ် ပါတီညီလာခံ ကျင်းပသည်။ ၎င်းပါတီသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိခဲ့သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...