အသွားအလာ ကန့်သတ်ထားချိန် အခက်ကြုံက အချိန်မရွေး အကူအညီပေးမည်ဟု ကရင်ဝန်ကြီး ပြော

အသွားအလာ ကန့်သတ်ထားချိန် အခက်ကြုံက အချိန်မရွေး အကူအညီပေးမည်ဟု ကရင်ဝန်ကြီး ပြော

စောထွန်းလင်း — ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်လူမျိုးများ အနေဖြင့် ဧပြီ ၁၀ ရက်မှ ၁၉ ရက်နေ့ထိ အသွားအလာ ကန့် သတ် (Semi-Lockdown) ချထားချိန်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက အချိန်မရွေး အကူအညီ ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ကေအိုင်စီသို့ ဧပြီ ၄ ရက်နေ့တွင် ပြောသည်။

ဝန်ကြီးက “တကယ်လို့များရန်ကုန်မှာ ဒီ ၁၀ ရက်ကနေ ၁၉ ရက်ထိ semi-lockdown လို့ ပြောလို့ ရတယ်။ lockdown အခြေအနေသွားလို့ သူတို့မှာ တခုခု နေ့ရေးညတာ အခက်အခဲပေါ်ပေါက်ခဲ့လို့ရှိရင် သက်ဆိုင် ရာ စာ/ယဉ်တွေကို ဖုန်းဆက်လိုက်ပေါ့နော်။ အစိုးရအနေနဲ့ ကျမကိုယ်တိုင်လိုက်ပြီးတော့ ဖြေရှင်းပေးတာမျိုး၊ လိုက်ဆောင်ရွက်ပေးတာမျိုး လုပ်ပေးဖို့ပါ”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီ ၁၀ ရက်မှ ၁၉ ရက်နေ့ထိ အစားအသောက်ဝယ်ယူခြင်းနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များမှအပ အပြင်လုံးဝ မထွက်ရန် တိုင်းအစိုးရအဖွဲ့က ဧပြီ ၃ ရက်နေ့တွင် ညွှန်ကြားချက် ထုတ် ပြန်လိုက်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

အဆိုပါကာလအတွင်း အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ပါက ဆိုင်ရာ မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံ ဖုန်းဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး၊ ၎င်းတို့မှတစ်ဆင့် တိုင်းစာယဉ် အတွင်းရေးမှူး သော်လည်းကောင်း၊ မိမိထံသို့ ချိတ်ဆက် အကူအညီတောင်းခံနိုင်သည်ဟု ဝန်ကြီးက ပြောသည်။

“ဥပမာ-ညရေးညတာ ထွက်လို့ မရဘူးပြောတဲ့ အချိန်မှာ တစ်စုံတစ်ဦး၊ တစ်ယောက်ယောက်က သေရေး ရှင်ရေး ဖြစ်တာမျိုးတို့ ဒါမျိုးလေးတွေပေါ့နော်။ ရွာတစ်ရွာမှာကူးစက်ပျံ့နှံ့တာမျိုး ဖြစ်ခဲ့မယ်ဆိုလို့ ရှိရင်လည်း ကျမဆီ အကြောင်းကြားပေါ့နော်။ မကြောက်မရွံ့နဲ့ ကျမလိုက်လုပ်ပေးဖို့ အစီအစဉ်ရှိတယ်ပေါ့နော်။ မစခင်အ တည်းက ကြိုတပ်လှန့်ပြီးတော့ မှာစရာရှိတာမှာထားလိုက်တာပါ။ ၂၄ နာရီလုံး လုပ်ပေးနိုင်ဖို့ ကျမပြင် ဆင်ထားတယ်” ဟု ဝန်ကြီးက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ဧပြီ ၃ ရက်ထိ ၂၀ ဦး ရှိပြီး   ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် အစိုးရက ရန်ကုန်တွင် မဖြစ်မနေ ကိစ္စရပ်များမှအပ အသွားအလာကန့်သတ်မှု ဧပြီ ၁၀ ရက်မှ ၁၉ ရက်နေ့ထိ လုပ်ဆောင်သွားမည်ဖြစ်သလို ပြည်သူများ ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...