ကျင်းပခွင့် ပြန်လည်ရရှိသော ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ယခုလကုန်တွင် ထန်တလန်တွင် ကျင်းပမည်

ကျင်းပခွင့် ပြန်လည်ရရှိသော ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ယခုလကုန်တွင် ထန်တလန်တွင် ကျင်းပမည်
by -
ချင်းဝေါလ်
ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့် ပြန်လည်ရရှိပြီး၊ ဖေဖော်ဝါရီလ (၂၈) မှ မတ်လ (၂) ရက်အထိ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကျင်းပသွားမည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တဦးဖြစ်သော Salai Ram Kulh Cung မှ ” ဒီငြိမ်းချမ်းရေးညီလာခံက ခြောက်လတစ်ကြိမ်ကျင်းပနေမှာဖြစ်တယ်။ ဒီတစ်ကြိမ်မလုပ်ဖြစ်ရင်လည်း နောက်တစ်ကြိမ်လုပ်လို့ရပါတယ်။ ဒီတစ်ကြိမ်ရအောင် လုပ်တယ်ဆိုိတာက ကျွန်တော်တို့ ရည်မှန်းထားတွေကို ဆောင်ရွက်စေချင်လို့လဲဟုတ်တယ်။ ဒါထက် ပိုအရေးကြီးတာက လုပ်ငန်းစဉ်ခိုင်မာအောင်စာ ချုပ်ကိုတန်းတူရည်တူ အကော်အထည်ဖော်နိုင်ဖို့ NCAလုပ်ငန်းစဉ်အ တိုင်းသွားနိုင်ဖို့ပေါ့။ ချင်းလူမျိုးအတွက်က ပိုအရေးကြီးတယ် ကျွန်တော်တို့ လိုလားတဲ့ နိုင်ငံရေးကို ဒီနေရမှာ စုစည်းရမှာ ဖြစ်ပါတယ်။ ချင်းလူမျိးတွေ အတွက် ကိုယ်ကံကြမ္မာအပြောင်းအလဲကို ဖန်တီးမဲ့ အရာဖြစ်ပါတယ်’’ ဟု ပြောကြားသည်။

ဤချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ (၅၀၀) ကျော် တက်ရောက်မည်ဟုလည်း သိရသည်။

“ပြည်သူအစိုးရဘက်ကတော့အဓိက မဟုတ်ဘူး။ ချင်းအမျိုးသားတပ်ဦးနဲ့ UPDJC ကြားထဲမှာ သူတို့ဆွေးနွေးညှိနှိုင်းပြီးတော့မှ ချင်းပြည်နယ်မှာ အမျိးသားအဆင့်နို်င်ငံရေးဆွေးနွေးပွဲ လုပ်ဖို့အဆင့်သင့်ဖြစ်ပြီးဆိုပြီးတော့မှ နှစ်ဘက်ကောက်ချက်ချရင် လုပ်လိမ့်မယ်။ ချင်းပြည်နယ်အစိုးရအနေနဲ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ ဒါမဟုတ် NRPCကနေ ဆောင်ရွက်ပါဆိုတဲ့ လမ်းညွှန်းချက်၊ ဖွဲ့စည်းမှု စာရောက်လာတယ်”ဟု ချင်းပြည်နယ်စည်းပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

“ကျင်းပခွင့်မပြုခဲ့တဲ့အတွက် ကျနော်တို့တတွေ သဘောမတူကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ကြတယ်။ အခုလို ပြန်လည် ကျင်းပခွင့်ပြုတဲ့အတွက် ကြိုဆိုသလို၊ ကျေးဇူးလည်းတင်ပါတယ်။ အရမ်းအနီးကပ်ချိန်မှာ လုပ်ရတော့  မပြည့်စုံတဲ့အပိုင်းတွေနည်းနည်းရှိနိုင်ပါတယ်” ဟု ချင်းအမျိုးသားဒီမိုကရေတစ်အတွင်းရေးမှူးဖြစ်သူ ဆလိုင်းကျဲဘီလ်ထောင်းက ပြောသည်။

ဤကဲ့သို့သော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုများတွင် ခေါင်းစဉ် (၅) ခုအား ချပေးထာပြီး ယင်းတို့မှာ- နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြံုရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်တို့ဖြစ်သည်။ ဤခေါင်းစဉ် (၅) ခုတွင် လုံခြံုရေးကိစ္စကိုမူ ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးရန်မှလွဲ၍ ကျန်သည့်ခေါင်းစဉ်များအား မိမိ တို့ သက်ဆိုင်ရာအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးမှုများတွင် ဆွေးနွေးရန်အတွက် ချမှတ်ထားသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...