ကရင်ဖတ်စာ ဒုတိယတန်းသင်ရိုးကို ဗီဒီယိုကွန်းဖရန့်ပြုလုပ် အတည်ပြုမည်

ကရင်ဖတ်စာ ဒုတိယတန်းသင်ရိုးကို ဗီဒီယိုကွန်းဖရန့်ပြုလုပ် အတည်ပြုမည်

စောထွန်းလင်း — ကရင်စာသင်ရိုး ပြုစုရေးဆွဲရေးကော်မတီက ရေးသားပြီးဖြစ်သည့် စကောကရင်စာ ဒုတိယတန်းသင်ရိုးကို လတ်တလော အခမ်းအနားဖြင့် အတည်ပြုပွဲ ပြုလုပ်ရန် အခြေအနေမပေးသည့်အတွက် ဗီဒီယိုကွန်ဖရန့် ပြုလုပ် အတည်ပြုသွားမည်ဟု ကောမတီအတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စကောကရင်စာ ဒုတိယတန်းသင်ရိုး အတည်ပြုပွဲ အခမ်းအနားကို မတ် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၅၂၄ အပေါ်ဆုံးထပ်၌ ကျင်းပရန် စီစဉ်ထားသော်လည်း မြန်မာ နိုင်ငံတွင် COVID-19 ဗိုင်းရစ်ပ် ကူးစက်ပြန့်ပွားလာမှုကြောင့် အတည်ပြုပွဲကို ယခုလို အစီအစဉ်ပြောင်းကျင်းပ ရခြင်းဖြစ်သည်။

“ အခု ဒုတိယတန်း စကောကရင်စာ သင်ရိုးက ရေးဆွဲပြီးသွားပြီ၊ အတည်ပြုပွဲကိုတော့ အခမ်းအနားနဲ့ မလုပ် တော့ဘူး။ ကရင်စာကျွမ်းကျင်သူတွေက အင်တာနက်သုံးပြီးတော့ အွန်လိုင်းပေါ်မှာ ဗီဒီယိုကွန်ဖရန့်လို လုပ်ပြီး သင်ရိုးရဲ့ လိုအပ်ချက်တွေဆွေးနွေးပြုပြင်ပြီး အတည်ပြုမယ်။ အခု သင်ရိုးက ကော်မတီဖွဲ့ရေးဆွဲတယ်၊ ပြီးရင် အတည်ပြုတယ်။ ကျွမ်းကျင်သူတွေနဲ့ လေးလေးနက်နက်ပြုစုတယ်ဆိုတဲ့ သဘောဖြစ်ချင်လို့၊ ဒါမှလည်း ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ပေးမှာဖြစ်ပါတယ်” ဟု မန်းသန်းဝင်းဦးက မတ် ၂၆ ရက်နေ့ တွင် ကေအိုင်စီသို့ ပြောသည်။

လာမည့် ပညာသင်နှစ်တွင် အစိုးရ အခြေခံပညာကျောင်းများ၌ ဒုတိယတန်း ကရင်စာသင်ယူနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက သင်ရိုးပုံနှိပ်ရန်တောင်းခံထားပြီး ဖြစ်သည်ဟု ကော်မတီဝင်များထံမှ သိရသည်။

ထို့ကြောင့် ယခု ရေးဆွဲထားပြီး ဖြစ်သည့် စကောကရင်စာ ဒုတိယတန်းသင်ရိုးကို ကရင်ပြည်နယ် သံတောင် ကြီး၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး စာပေနှင့်ယဉ်ကျေးမှုကော်မတီများထံ ဖတ်ရှု လေ့လာအတည်ပြုနိုင်ရေးအတွက် ပေးပို့ ထားပြီးဖြစ်သည်ဟု မန်းသန်းဝင်းဦးက ဆက်ပြောသည်။

တစ်နိုင်ငံလုံး ကရင်စာသင်ရိုးတပြေးညီပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး ကရင်သင်ရိုး ဖြစ်မြောက်ရေး ကော်မတီနှင့် ပြုစုရေးဆွဲရေးကော်မတီကို ၂၀၁၈ ခုနှစ်၊ ဇွန်လိုင် ၂၇ မှ ၂၈ ရက်ထိ ဒေသအသီးသီးမှာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များတက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့သည်။ ကော်မတီအနေဖြင့် ပိုး-စကောကရင်စာ KG တန်း၊ ပထမတန်း၊ ဒုတိယတန်း သင်ရိုးရေးဆွဲခဲ့ပြီး ဖြစ်သလို အသုံးစရိတ် ကျပ်သိန်း ၂၀၀ ကျော် သုံးစွဲထားသည်ဟု ကော်မတီထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...