၂၁ ရာစု ပင်လုံညီလာခံ (ဒုတိယအကြိမ်) တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ စာတမ်းများ တင်သွင်းနိုင်ဦးမည် မဟုတ်

၂၁ ရာစု ပင်လုံညီလာခံ (ဒုတိယအကြိမ်) တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ စာတမ်းများ တင်သွင်းနိုင်ဦးမည် မဟုတ်
by -
မဇ္ဈိမ
 နေပြည်တော်၌ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်    နိုင်ငံလုံးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများဖိုရမ်မှ ရရှိလာသည့် စာတမ်းများကို တင်သွင်းနိုင်ဦးမည်မဟုတ်ဟု ဦးဆောင်သူများက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခေါက်မှာတော့ စာတမ်းလုပ်မှာမဟုတ်ဘူး။ အကြောင်းအရာကြတော့ တစ်ပြည်လုံးအနေအထားနဲ့ စာတမ်းတွေကို တင်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က တစ်ပြည်လုံး CSOတွေနဲ့ လုပ်ရတဲ့အခါကြတော့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံမှာတော့ အဲဒီအကြောင်းအရာတွေကို တင်နိုင်မှာ မဟုတ်သေးဘူး” ဟု နိုင်ငံလုံးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ကိုသွင်လင်းအောင်က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ CSO ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှုပူးတွဲကော်မတီ(UPDJC) မှ ဦးဆောင်ကျင်းပပေးမည်ဖြစ်ပြီး ပင်လုံညီလာခံကျင်းပမည့်် ဖေဖော်ဝါရီလ ၂၈ ရက်နှင့် နီးကပ်နေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ရမည်ဖြစ်သောကြောင့် အချိန်အားဖြင့် လုံလောက်မှုမရှိသဖြင့် စာတမ်းများ မတင်သွင်းနိုင်ခြင်းဖြစ်သည်ဟု CSO များဘက်မှ ပြောသည်။

ယခု တစ်ကြိမ်တွင် စာတမ်းများ တင်သွင်းနိုင်ဦးမည် မဟုတ်သော်လည်း နောက်တစ်ကြိမ်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်းနိုင်မည်ဖြစ်သည်ဟုလည်း ကိုသွင်လင်းအောင်က ဆိုသည်။

ယခုတစ်ကြိမ် နေပြည်တော်၌ ပြုလုပ်မည့် အကြောင်းအရာအလိုက်ဆွေးနွေးပွဲ နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်တွင် ပြည်တွင်းရွေ့ပြောင်းဒုက္ခသည်ဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေးပေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ သတ်မှတ်ပေးထားသည်။

နေပြည်တော်၌ ပထမဆုံးအကြိမ် ပြုလုပ်မည့် အဆိုပါ CSO ဖိုရမ်ကို အရပ်ဘက် အဖွဲ့အစည်းများ၏ အသံကို ထင်ဟပ်နိုင်မည်မဟုတ်ဟု ယူဆကြောင်းလည်း အချို့ အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

 ကယားပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသများမှ အရပ်ဘက်အဖွဲ့အစည်းများက တက်ရောက်ရန် အဆင့်သင့်မဖြစ်သေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြံုမှု မရှိခြင်း၊ စာတမ်းများ တင်နိုင်မည်မဟုတ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

တနင်္သာရီတိုင်း ဒေသကြီး အရပ်ဖက်အဖွဲ့အစည်းဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်မင်းထိုက်က  တစ်နိုင်ငံလုံးရှိ CSO များ၏ စုစည်းမှုဖြင့် လုပ်ခြင်းကြောင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အသံထင်ဟပ်သည်ဟု တုံ့ပြန်ပြောဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းအချို့ကမူ အပြုသဘောဆောင်သောမှတ်ချက်များ ပေးခဲ့ကြသည်။

 “ရေရှည်ကိုသွားဖို့အတွက်ကို ပြင်ဆင်တဲ့သဘောပဲ၊ ရလဒ် မထွက်ဘူးဆိုတာ မဟုတ်ဘူး၊ ရလဒ် ထွက်အောင်ကို လုပ်မယ်။ ရေရှည်ကိုသွားမယ့် Process မှာ CSO တွေ ဘယ်လိုပါ၀င်မလဲ၊ ကိစ္စတွေကို ဘယ်လိုဆွေးနွေးမလဲ၊ ဘယ်အချက်တွေက လိုအပ်မှုရှိနေမလဲ၊ ဘယ်အချက်တွေကို တောင်းဆိုမလဲ။ ဒါတွေက ရလဒ်လို့ ထင်ပါတယ်” ဟု မွန်ပြည်နယ် CSO ဖိုရမ် ဖြစ်မြောက်ရေး   ကော်မတီခေါင်းဆောင် ဦးမင်းအောင်ထူးက ဆိုသည်။

 တစ်နိုင်ငံလုံးဆိုင်ရာ CSO အကြိုဖိုရမ်ကို တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ၂၂ ရက်မှ ၂၃ ရက်နေ့အထိ အရပ်ဘက်အဖွဲ့အစည်းများမှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ CSO ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ နေပြည်တော်၌ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ ဦးဆောင်ကျင်းပပေးမည် ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...