ဇလုံတောင် ဘုရားဖူးယာဉ်လိုင်း ယာယီ ပိတ်

ဇလုံတောင် ဘုရားဖူးယာဉ်လိုင်း ယာယီ ပိတ်

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ဇလုံတောင်တက်ယာဉ်များ သွားလာမှုကို တိုင်းညွှန်ကြားချက်အရ မတ်လ(၂၄)ရက်နေ့တွင် စတင် ပိတ်လိုက်သည်။

“ဒေသလိုအပ်ချက်အရပေါ့လေ။ လွှတ်တော်ပိုင်းတွေကလည်း ကျွန်တော့်ကို အကြံဉာဏ် ပေးလာတယ်။ တိုင်းကလည်း ညွှန်ကြားစာ ပို့လာတယ် ။ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံအတွင်း ထူးခြားလာပြီဆိုတာနဲ့ ဇလုံတောင် လိုင်းကို ပိတ်ဖို့ ပြင်ဆင်ထားပြီးသားပါ" ဟု ဇလုံတောင်တက် လိုင်းကားအသင်း ဥက္ကဋ္ဌ ဦးဘလင်းက ပြောသည်။

ဇလုံတောင်သို့ ဘုရားဖူးရောက်ရှိလာသူ ဧည့်သည်များ လွန်ခဲ့သော ရက်များက တစ်ရက်လျှင် လူပေါင်း နှစ်ရာမှ သုံးရာအတွင်းရှိကြောင်း၊ မတ်လ (၂၄) ရက်နေ့တွင် (၈၀)ဦး ရှိကြောင်း ဦးဘလင်းက ဆက်ပြောသည်။

''ဒီနေ့ ရောက်လာတယ် ဆိုတာကလည်း ခရီးလွန်ပြီးသားသူတွေပဲ ရောက်လာတာပါ''ဟု သူက ဆက် ပြောသည်။

 ယာဉ်စီးရေ ၁၈၀ ရှိသည့် အဆိုပါအသင်းမှ လိုင်းကားများ အစိုးရဘက်က အကြောင်း မပြန်မချင်း သွားလာမှု ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး တွေ့သူ နှစ်ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ (၂၃)ရက်ညတွင် ထုတ်ပြန်ကြေညာထားသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...