ဟုမ္မလင်းမြို့နယ်တွင် Covid-19 စောင့်ကြည့်လူနာ လေးဦးရှိလာ

ဟုမ္မလင်းမြို့နယ်တွင် Covid-19 စောင့်ကြည့်လူနာ လေးဦးရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မတ်လ (၂၃)ရက်နေ့တွင် တရုတ်နိုင်ငံသားတစ်ဦး COVID-19 သံသယ စောင့်ကြည့်လူနာအဖြစ် တိုးလာကြောင်း ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းထံမှ သိရသည်။

မြို့နယ်တွင် ပထမဆုံး COVID-19 စောင့်ကြည့်လူနာအဖြစ် မတ်လ၂၂ရက်နေ့တွင် တရုတ်နိုင်ငံသားနှစ်ဦး စောင့်ကြည့်ခံထားရပြီး မတ်လ ၂၃ရက်နေ့တွင် ယခု တစ်ဦး ထပ်တိုးလာကြောင်း ၎င်းက ပြောသည်။

ယင်းတို့မှာ မြန်မာနိုင်ငံသို့ ရွှေတူးဖော်ရေးလုပ်ငန်းကိစ္စ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

"မနေ့က စောင့်ကြည့်လူနာ စထားတာပေါ့။ ထားတော့ ပြည်သူလူထုတွေကတော့ နည်းနည်းတော့ လန့်သွားတာပေါ့။ သူတို့ကတော့ စောင့်ကြည့်လူနာဆိုရင် ရောဂါဖြစ်တယ်ပေါ့နော်၊ ရောဂါသည်တွေ ဝင်လာပြီဆိုပြီးကြောက်ကြတယ်။ ရွာတွေမှာဆိုရင် လန့်ပြီးတော့ ရွားနားမှာ မထားနဲ့၊ အဲဒီလိုတွေတော့ ဖြစ်ကြတာတော့ရှိတယ်"ဟု ဒေါက်တာ ဝင်းနိုင်ထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာများအတွက် အစည်းအဝေးခန်းမများ၊ တရားရိပ်သာများတွင် လူအယောက် (၈၀)စာ နေရာငါးနေရာတွင် အဆင်သင့် ပြင်ဆင်ထားကြောင်း ၎င်းကဆက်ပြောသည်။

"အဓိကကတော့ အခက်အခဲကတော့ ပစ္စည်းတွေ မစုံတာပေါ့လေ။ မက်(စ်)တွေ၊ ဝတ်စုံတွေပေါ့။ ခန္ဓာကိုယ် ကာကွယ်တဲ့ ပစ္စည်းတွေ မစုံတော့ ကျန်းမာရေးဝန်ထမ်းတွေ နည်းနည်းတော့ စိုးရိမ်ထိတ်လန့်မှုတော့ ရှိတာပေါ့" ဟု ဆက်ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာအဖြစ် ၎င်းသုံးဦးအပြင် ကက်သာစံပြကျေးရွာတွင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသူ တစ်ဦးရှိရာ ပေါင်း လေးဦး ရှိပြီဖြစ်သည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...