ဟုမ္မလင်းမြို့နယ်တွင် Covid-19 စောင့်ကြည့်လူနာ လေးဦးရှိလာ

ဟုမ္မလင်းမြို့နယ်တွင် Covid-19 စောင့်ကြည့်လူနာ လေးဦးရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မတ်လ (၂၃)ရက်နေ့တွင် တရုတ်နိုင်ငံသားတစ်ဦး COVID-19 သံသယ စောင့်ကြည့်လူနာအဖြစ် တိုးလာကြောင်း ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းထံမှ သိရသည်။

မြို့နယ်တွင် ပထမဆုံး COVID-19 စောင့်ကြည့်လူနာအဖြစ် မတ်လ၂၂ရက်နေ့တွင် တရုတ်နိုင်ငံသားနှစ်ဦး စောင့်ကြည့်ခံထားရပြီး မတ်လ ၂၃ရက်နေ့တွင် ယခု တစ်ဦး ထပ်တိုးလာကြောင်း ၎င်းက ပြောသည်။

ယင်းတို့မှာ မြန်မာနိုင်ငံသို့ ရွှေတူးဖော်ရေးလုပ်ငန်းကိစ္စ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

"မနေ့က စောင့်ကြည့်လူနာ စထားတာပေါ့။ ထားတော့ ပြည်သူလူထုတွေကတော့ နည်းနည်းတော့ လန့်သွားတာပေါ့။ သူတို့ကတော့ စောင့်ကြည့်လူနာဆိုရင် ရောဂါဖြစ်တယ်ပေါ့နော်၊ ရောဂါသည်တွေ ဝင်လာပြီဆိုပြီးကြောက်ကြတယ်။ ရွာတွေမှာဆိုရင် လန့်ပြီးတော့ ရွားနားမှာ မထားနဲ့၊ အဲဒီလိုတွေတော့ ဖြစ်ကြတာတော့ရှိတယ်"ဟု ဒေါက်တာ ဝင်းနိုင်ထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာများအတွက် အစည်းအဝေးခန်းမများ၊ တရားရိပ်သာများတွင် လူအယောက် (၈၀)စာ နေရာငါးနေရာတွင် အဆင်သင့် ပြင်ဆင်ထားကြောင်း ၎င်းကဆက်ပြောသည်။

"အဓိကကတော့ အခက်အခဲကတော့ ပစ္စည်းတွေ မစုံတာပေါ့လေ။ မက်(စ်)တွေ၊ ဝတ်စုံတွေပေါ့။ ခန္ဓာကိုယ် ကာကွယ်တဲ့ ပစ္စည်းတွေ မစုံတော့ ကျန်းမာရေးဝန်ထမ်းတွေ နည်းနည်းတော့ စိုးရိမ်ထိတ်လန့်မှုတော့ ရှိတာပေါ့" ဟု ဆက်ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာအဖြစ် ၎င်းသုံးဦးအပြင် ကက်သာစံပြကျေးရွာတွင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသူ တစ်ဦးရှိရာ ပေါင်း လေးဦး ရှိပြီဖြစ်သည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...