တာချီလိတ်တွင် စားသောက်ကုန်များ ဈေးနှုန်း အဆမတန် တင်လျက် မရောင်းချရန် အစိုးရ ထုတ်ပြန်

တာချီလိတ်တွင် စားသောက်ကုန်များ ဈေးနှုန်း အဆမတန် တင်လျက် မရောင်းချရန် အစိုးရ ထုတ်ပြန်

မြန်မာ - ထိုင်းနယ်စပ်၊ သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း အဆမတန် တိုးမြှင့် ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီက မတ်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ယင်းသို့ ဈေးမြှင့် ရောင်းချသည့် ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးရောင်းချသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား မတ် ၂၃ နံနက်က စတင်ကာ ရက်အကန့်အသတ်မရှိ ခေတ္တ ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။

ပြည်သူများ အရေးပေါ် ကျန်းမာရေးအခြေအနေနှင့် စားဝတ်နေရေး အခက်အခဲမရှိ ပြေလည်စေရန် နှစ်နိုင်ငံအစိုးရ  ချိတ်ဆက် ဆွေးနွေးညှိနှိုင်းကာ လူသုံးကုန် ၊ စားသောက်ကုန်အပါအဝင် အိမ်သုံး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စက်သုံးဆီများကို ဖော်ပြပါတံတားကတစ်ဆင့် နေ့စဉ် ဖြတ်သန်းသယ်ဆောင်ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူများအနေဖြင့် စိုးရိမ်မှု လွန်ကဲစိတ်ဖြင့် စားသောက်ကုန်၊ လူသုံးကုန် အများအပြား ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်နှင့် ရောင်းချသူများလည်း မိမိနိုင်ငံသားများကို ဖေးမ စာနာသည့်အနေဖြင့် ဈေးနှုန်း မတန်တဆ တိုးမြှင့် ရောင်းချခြင်းများ မပြုလုပ်စေရန် သက်ဆိုင်ရာက သတိပေးထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...