မြေပုံမြို့နယ် စညင်းကျေးရွာအနီး တောင်တန်းများကို ဂျက် တိုက်လေယာဉ်နှစ်စင်းဖြင့် ပစ်ခတ်

မြေပုံမြို့နယ် စညင်းကျေးရွာအနီး တောင်တန်းများကို ဂျက် တိုက်လေယာဉ်နှစ်စင်းဖြင့် ပစ်ခတ်

ဆောင်းဇာခြည် - ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညင်းကျေးရွာအနီးရှိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် တောင်တန်းများကို မြန်မာ့တပ်မတော်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဂျက်ဖိုက်တာ ပထမ တစ်စီးက ကျွန်တော်တို့ရွာနဲ့ ၂ မိုင်ခန့်အကွာ မြောက်ဘက်က တောင်တန်းတွေကို ဗုံးကြဲတယ်။ နောက်ထပ် ဂျက်ဖိုက်တာတစ်စီးလည်း ရွာနဲ့ ၄ မိုင်ခန့်အကွာ၊ အဲဒီမြောက်ဘက်က တောင်တန်းတွေကိုပဲ ဆက်ပြီး ဗုံးကြဲတယ်။ ၁၀ မိနစ်ကြာကြာ ပစ်ခတ်ပြီးရင် ပြန်သွားကြပါတယ်။ လက်နက်ကြီးတွေကလည်း တစ်ခါပစ်ရင် သုံး လေးလုံးတောင် ထွက်သွားတယ်။ နှစ်ဘက်တိုက်ပွဲ ဖြစ်သလို ပစ်ခတ်မှုမျိုး မကြားရပါဘူး” ဟု စညင်းကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

၎င်းအပြင် စညင်းကျေးရွာ၏ အရှေ့ဘက်တွင် စခန်းချ နေထိုင်သည့် တပ်မတော် စစ်ကြောင်းမှ လည်းကောင်း၊ ရွာ၏ အနောက်ဘက်တွင် စခန်းချသည့် တပ်မတော်စစ်ကြောင်းမှ လည်းကောင်း စညင်းကျေးရွာ၏ မြောက်ဘက်မှ တောင်တန်းများသို့ လက်နက်ကြီးများဖြင့် မတ် ၁၉ နံနက် ၁၀ နာရီခန့်မှစ၍ အဆက်မပြတ် လှမ်းပစ်ခတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 စညင်းကျေးရွာသားတစ်ဦးက “လက်နက်ကြီးတွေက တောင်တန်းတွေကို အဆက်မပြတ် ပစ်နေတယ်။ နှစ်ဘက်တိုက်ပွဲ ဖြစ်သလိုမျိုး မဟုတ်ပါဘူး။ အင်ကြင်းတောင်၊ လီသွန်၊ အဲဒီဘက်တွေကလည်း လက်နက်ကြီးတွေ လှမ်းပြီး ပတ်ပတ်လည် ပစ်နေကြပါတယ်။ အသံတွေလည်း ကြားရပါတယ်။ လှမ်းပစ်တာကိုလည်း မြင်ရပါတယ်။ မီးလောင်တာတို့ မတွေ့ရပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို နိရဥ္စရာက ဆက်သွယ်ခဲ့ရာ “လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ နှစ်ဘက်တိုက်ပွဲဖြစ်တာမျိုးတော့ မကြားရပါဘူး။ ဂျက်ဖိုက်တာ နှစ်စီးလည်း ၁၀ မိနစ်ခန့်ကြာကြာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။

နှစ်ဖက် တပ် တာဝန်ရှိသူများကို ဆက်သွယ်ရာ ဖုန်းအဆက်အသွယ် မရရှိသေးပါ။

 

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...