နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ နေရာ ၅ ခုကို TNLA ဝင်တိုက်

နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ နေရာ ၅ ခုကို TNLA ဝင်တိုက်
 Photo - EPA
Photo - EPA

စိုးသူအောင် — ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ ကျေးရွာ   ၅ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) က ဝင်တိုက်ခဲ့ သည်ဟု ဒေသခံ တချို့က မဇ္ဈိမသို့ပြောသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီလောက်မှစကာ ပန်ဆေးဒေသရှိ  မန့်ပါလီရှောကျေးရွာ၊ ရှောက်ကုန်းကန့်ကျေးရွာ၊ ပန်းဆေးကျေးရွာ၊ ပါကွ မန့်မိုင် (ခေါ်) ပါးမှောက်ရွာ တို့ကို TNLA အဖွဲ့ကဝင်ရောက်ခဲ့သောကြောင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် တိုက်ပွဲပြင်းထန်ကြောင်း ၎င်း ကဆိုသည်။

“   ၅ နေရာလောက်ကို မနက် ၄ နာရီလောက်က ရည်ရွယ်ချက်နဲ့ ပြင်းပြင်းထန်ထန်ကိုတိုက်တာပေါ့။ လက်နက်ကြီးတွေလည်းချတယ်။ လက်နက်ငယ်တွေနဲ့လည်း အရမ်းဝင်ပစ်တယ်။ ပစ်တော့ ဒေသခံပြည်သူ့စစ်ကနေ ပြန်ခံပစ်တယ် ” ဟု ပန်းဆေး ဒေသ အမည်မဖော်လိုသူ ခိုလုံလီရှောဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲမှာ သတင်းရေးသားချိန် နံနက် ၁၁ နာရီကျော်အထိ ဖြစ်ပွားနေသေးပြီး အနည်းဆုံး အရပ်သား ၂ ဦးထိခိုက်သေဆုံးထားရကြောင်း လည်းဒေသခံများထံမှသိရသည်။

အဆိုပါ နေရာ ၅ ခုကို TNLA မှဝင်တိုက်ခဲ့ခြင်းမဟုတ်ဘဲ မူးယစ်ဆေးများကို ဖျက်ဆီးရန်ဝင်ရောက်စဉ် ပြည်သူ့စစ်အဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဟုတအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) မှ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

“ အဲ့ဘက်မှာ ဘိန်းခင်းရှိတယ်။ ရှိတော့ ကျွန်တော်တို့အဖွဲ့က သွားရောက်ဖျက်ဆီးတာဖြစ်တယ်။ အဲ့လိုသွားတဲ့အချိန်ပြည်သူ့စစ်က လာ ရောက်တိုက်ခိုက်လို့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေတော့ရှိတယ်။ အသေးစိတ်တော့ကျွန်တော်မသိရသေးဘူး” ဟု ၎င်းကပြောသည်။

အဆိုပါရွာ ၅ ရွာသည် ဘိန်းစိုက်သူများရှိနေသည့်အပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများရှိနေသောကြောင့် ဝင်ရောက် ဖျက်ဆီး ရန် လုပ်ရခြင်းဟုလည်း ဗိုလ်မှူးတာအိုက်ကျော်ကဆိုသည်။

အထက်ပါကိစ္စနှင့် ပက်သက်၍ ရွာ၅ ရွာတွင် ဘိန်းစိုက်ခြင်းမရှိသောကြောင့် မတရားမစွပ်စွဲစေလိုကြောင်းလည်း နယ်မြေလုံခြုံ ရေးအရ  အမည်မဖော်လိုသူ ဒေသခံကဆိုသည်။

“ ဘိန်းစစ် ဆိုတဲ့နေရာမှာ ကျွန်မတို့ဆီမှာ ဒီရာသီဘိန်းပင်လည်းမရှိဘူး။ ဘာမှမရှိဘူး အဲ့တာကို ဘိန်းစစ်ဆိုပြီးမှ မတရားစွပ်စွဲရင်လည်း မတတ်နိုင်ဘူး။ ဘိန်းစစ်ဆိုရင် ကောင်းခါးတို့လိုနေရာတွေပေါ့ ရှမ်းပြည်မြောက်ပိုင်းမှာ ကမ္ဘာသိ၊ လူသိ အဲ့နေရာတွေကို သွားတိုက်မှပဲ ဘိန်းစစ်ခေါ်မှာပေါ့” ဟု အဆိုပါဒေသခံကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြိုနှင့် နမ့်ဖတ်ကာကြားဒေသတွင် ခိုလုံလီရှော လူမျိုးတွေ အများဆုံး နေထိုင်သည့် ဒေသဖြစ်ပြီးပန်ဆေး ပြည်သူ့စစ်အဖွဲ့များလှုပ်ရှားသည့်နယ်မြေလည်းဖြစ်သည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အထိ ဘိန်းအဓိကစိုက်ပျိုးသည်ဟုဆိုကာ ဘိန်းခင်းလာရောက်ဖျက်ဆီးလေ့ရှိသည့် TNLA နှင့် ပန်ဆေးပြည်သူ့ စစ်တို့ကြား၊ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...