ကျောက်တော်မြို့ပေါ် လာရောက်ခိုလှုံသူ ၆၀၀ ကျော် ရှိပြီ

ကျောက်တော်မြို့ပေါ် လာရောက်ခိုလှုံသူ ၆၀၀ ကျော် ရှိပြီ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်သို့ ခိုလှုံရန် ရောက်ရှိလာသူ စစ်ဘေးရှောင် အရေအတွက်မှာ ယနေ့မတ် ၁၃ ၊ နံနက်ထိ လူပေါင်း ၆၂၉ ဦး ရှိလာနေပြီဟု သတင်းရရှိသည်။

 ပရဟိတ အကျိုးဆောင်အဖွဲ့မှ ဦးမောင်ထွန်းခင်က “ ဒီကနေ့(မတ် ၁၃) နံနက် ၈ နာရီမှာ နောက်ထပ် ၁၇ ဦး ရောက်ရှိလာပါတယ်။ မနေ့က (မတ် ၁၂) ထိ ကျောက်တော်မြို့ ၊ မြို့သစ်ရပ်ကွက်၊ နေပူခံ IDP စစ်ရှောင် စခန်းကို ရောက်လာတာက ၆၁၂ ဦး၊ ဒီနေ့ ၁၇ ဦးနဲ့ ဆိုရင် အခု စုစုပေါင်း ၆၂၉ ဦးရှိသွားပါပြီ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရောက်ရှိလာကြသည့် ကျေးရွာသားများမှာ ပြိုင်းတိုင်း၊ လောင်ရှည်၊ မီးဝ၊ မုန့်သန်းပြင်၊ ဂြင့်ခါးစေ့၊ အောင်သာယာနှင့် ကျောက်တန်းကျေးရွာတို့မှ ဖြစ်ကြပြီး ၎င်းကျေးရွာများ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ လူများ သေဆုံး ဒဏ်ရာရခြင်း၊ အိမ်များ မီးလောင်ခြင်းများရှိနေသဖြင့် ကြောက်လန့် ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း သိရှိရသည်။

“အခု နေပူခံ IDP စစ်ရှောင်စခန်းကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေ အတွက် ဘယ်ကမှ အကူအညီ မရသေးပါဘူး။ ကျောက်တော်မြို့ပေါ် အရေးပေါ် ကူညီထောက်ပံ့ရေး အဖွဲ့က ထောက်ပံ့တာနဲ့ ဖြေရှင်းနေပါတယ်။ ဟိုလူက ဆားတစ်အိတ်၊ ဆန်တစ်အိတ် ဒီလို လာလှူတာတွေတော့ ရှိပါတယ်။ မနေ့ကလည်း ဆန် ၁၀ အိတ် လာလှူသူတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။

လက်ရှိ ရောက်ရှိလာကြသူများအတွက် စားနပ်ရိက္ခာများ အပါအဝင် အဝတ်အထည်၊ စောင်၊ ကြမ်းခင်း၊ ခြင်ထောင်များ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...