လက်နက်ကြီးကျည်ကျ၍ အစ်မဖြစ်သူ သေဆုံးပြီး ဒဏ်ရာရရှိထားသည့် ညီမဖြစ်သူကို ပိတ်မိနေသည့်ကြားထဲက စစ်တွေဆေးရုံသို့ ယူဆောင်လာ

လက်နက်ကြီးကျည်ကျ၍ အစ်မဖြစ်သူ သေဆုံးပြီး ဒဏ်ရာရရှိထားသည့် ညီမဖြစ်သူကို ပိတ်မိနေသည့်ကြားထဲက စစ်တွေဆေးရုံသို့ ယူဆောင်လာ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အောင်သာယာကျေးရွာရှိ နေအိမ် ဗုံးခိုကျင်းထဲ လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရရှိသွားသူ မရီရီသန်း (၁၅) နှစ်ကို တိုက်ပွဲကြား ပိတ်မိနေရာမှ ကျောက်တော်မြို့နယ် ဆေးရုံသို့ ယူဆောင်လာခဲ့ပြီး နောက်တဖန်  စစ်တွေဆေးရုံသို့ ဆက်လက် ယူဆောင်လာသည်ဟု သတင်းရရှိသည်။

 မတ်လ ၁၀ ရက် ညနေက အောင်သာယာရွာထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဗုံးခိုကျင်းတွင် ပုန်းအောင်းနေကြသည့် မနိုင်နိုင်သန်း (၂၀) နှစ်မှာ ပွဲချင်းပြီး သေဆုံးကာ ညီမဖြစ်သူ မရီရီသန်း (၁၅) နှစ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

 ထိုသို့ ဒဏ်ရာရရှိသွားပြီးနောက် ကုလားတန်မြစ်ကြောင်း တစ်လျှောက် သေနတ်ပစ်ခတ်မှုများ ရှိနေသဖြင့် မရီရီသန်းကို မီးဝကျေးရွာသို့ ယူဆောင်ခဲ့ရပြီး မတ်လ ၁၁ ရက်နေ့က မီးဝမှ တစ်ဆင့်  ကုန်းလမ်းခရီးဖြင့် ထမ်းပိုး သယ်ယူလာစဉ် လမ်းတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မွန်းထောင့်ကျေးရွာတွင် ပုန်းခိုနေခဲ့ကြရသည်ဟု  အစ်ကိုတော်စပ်သူ ကိုအောင်စိုးသာက ပြောသည်။

မတ်လ ၁၂ ရက်တွင် မွန်းထောင့်ကျေးရွာမှ စက်လှေဖြင့် ကျောက်တော်သို့ ယူဆောင်လာခဲ့ပြီး အခြေအနေ စိုးရိမ်ရသဖြင့် ကျောက်တော်ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာကြောင်း သိရသည်။

 “ဒဏ်ရာက တစ်ခန္ဓာလုံး ရသွားတာ။ ဦးခေါင်း၊ ပေါင်နှစ်ဘက်၊ လက်နှစ်ဘက် အားလုံးမှာ ဒဏ်ရာ တွေရထားတာပါ။ အခု သူလုံးဝသတိမရ၊ သတိလစ်နေတယ်။ အခုသူ့ကို ကျောက်တော် ဆေးရုံကနေ စစ်တွေဆေးရုံကို ယူဆောင်လာတာပါ” ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...