ဖမ်းဆီးရမိသည့် တပ်မတော်သား ၃၆ ဦးအနက် အသက်အန္တရာယ် စိုးရိမ်ရသည့် နှစ်ဦးကို အမြန် ပြန်လွှတ်ပေးလိုကြောင်း AA သတင်းထုတ်ပြန်

ဖမ်းဆီးရမိသည့် တပ်မတော်သား ၃၆ ဦးအနက် အသက်အန္တရာယ် စိုးရိမ်ရသည့် နှစ်ဦးကို အမြန် ပြန်လွှတ်ပေးလိုကြောင်း AA သတင်းထုတ်ပြန်

နီမင်းထွန်း — ရက္ခိုင့်တပ်တော်(AA) ဖမ်းဆီးရမိသည့် မြန်မာတပ်တော်သား(၃၆)ဦးအနက် အသက်အန္တရာယ် စိုးရိမ်ရသော ဒဏ်ရာရရှိထားသူ တပ်မတော်သား (၂)ဦးကို အမြန် လွှတ်ပေးလိုကြောင်း မတ်လ ၁၂ ရက် ညနေပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မုန့်သန်းပြင်ကျေးရွာအနီး တိုက်ပွဲကာလ (၂) ရက်တာအတွင်း ပဲခူးတိုင်းအခြေစိုက် တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၇ )မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကြီးသက်နိုင်ဦးနှင့် ဗိုလ်ကြီး (၄)ဦးအပါအဝင် မြန်မာတပ်မတော်သား(၃၆)ဦးကို အရှင် ဖမ်းဆီးရမိခဲ့ပြီး  ၎င်းတို့ထဲမှ အသက်အန္တရာယ်စိုးရိမ်ရသော မြန်မာတပ်မတော်သား (၂)ဦးကို ဆေးကုသပေးထားသော်လည်း ၎င်းတို့၏ အသက် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ခွဲစိတ်ကုသပေးရန် အရေးတကြီးလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ၎င်းတို့၏မိခင်အဖွဲ့အစည်း မြန်မာတပ်မတော်မှသော်လည်းကောင်း၊ NLD အစိုးရအနေဖြင့်သော်လည်းကောင်း၊ ကြားဝင်စေ့စပ်မှုပေးနိုင်သော လူမှုအဖွဲ့အစည်းများမှ သော်လည်းကောင်း ထုတ်ပြန်ချက်တွင်ပါရှိသည့် အီးမေးလ်၊ ဖုန်းနံပါတ်ကိုဆက်သွယ်၍ လာယူဆောင်ရန်နှင့် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မည်ကဲ့သို့ယူဆောင်ကြမည်ကို အမြန်ဆုံးညှိနှိုင်းလိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် မည်သည့်နိုင်ငံရေးအမြတ်ထုတ်လိုခြင်းကြောင့်မျှမဟုတ်ဘဲ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့် ရခိုင်လူမျိုးတို့၏ လူသားချင်းစာနာ ထောက်ထားသော ရပ်တည်ချက်အရ အမြန်ဆုံးပြန်လွှတ်လိုကြောင်းသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...