ကျောက်တော်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးသွားသူ နှစ်ဦး ပြန်လည်လွတ်မြောက်လာ

ကျောက်တော်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးသွားသူ နှစ်ဦး ပြန်လည်လွတ်မြောက်လာ

ထွန်းခိုင် (တောင်ရင်းကျွန်း) — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကျောက်တော်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ နှစ်ဦး မတ်လ ၁၀ ရက် နံနက်ပိုင်းက လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ခေါင်းတုတ်ကျေးရွာမှ ဦးမောင်ရွှေအေး (၅၄) နှစ်နှင့် စဖိုသားကျေးရွာမှ ဦးကျော်ငြိမ်း (၅၃) နှစ်တို့ကို စစ်ကြောင်း တစ်ခုက မတ်လ ၉ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“မနေ့က ဖမ်းသွားတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ရဲ့ မျက်နှာကိုဖုံးပြီး နောက်ပြန်ကြိုး တုပ်ပြီးတော့ ခေါ်ဆောင်သွားတယ်။  မျက်နှာကို ဖုံးအုပ်ထားတာဆိုတော့ ဘယ်နေရာကို ခေါ်ဆောင်သွားတယ် ဆိုတာကိုလည်း ကျနော်လည်း မသိဘူး။ ဖမ်းသွားတဲ့အချိန်မှာတော့ တပ်က အင်အား ၃၀ ကျော်လောက်  ရှိမယ် ထင်ပါတယ်။ သူတို့က အေအေကလား၊ ဘယ်ကလဲဆိုပြီးတော့ စစ်ဆေးတယ်။ ကျောကုန်းတွေကို ခြေထောက်တွေနဲ့ တစ်ချိန်း နှစ်ချိန်းလောက် ကန်တာတော့ ရှိတယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာတော့ နာဂရာကျေးရွာအနား မြစ်ကမ်းဘေးနားက လွှတ်ပေးလိုက်တယ်˝ဟု ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ဦးမောင်ရွှေအေးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း မပြုဖို့ အရေးကြီးကြောင်း ပြောလိုသည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့နှစ်ဦးမှာ ခေါင်းတုတ်ကျေးရွာတွင် တပ်မတော်စစ်ကြောင်းတစ်ခုနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူများ ဖြစ်သည်။

 

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...