မေယူကမ်း အငူမော်ကုန်တန်းကျေးရွာ လုံခြုံရေးတပ်ဖွဲ့ဝင်များ သုံးကြိမ်မြောက် ဝင်ရောက် စစ်ဆေး

မေယူကမ်း အငူမော်ကုန်တန်းကျေးရွာ လုံခြုံရေးတပ်ဖွဲ့ဝင်များ သုံးကြိမ်မြောက် ဝင်ရောက် စစ်ဆေး

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယူကမ်း အငူမော်ကုန်တန်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၇ ရက် နံနက်တွင်  သုံးကြိမ်မြောက် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။



၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌  တစ်ကြိမ်၊ ၂၀၂၀ ဖေဖော်ဝါရီလတွင် တစ်ကြိမ် နှစ်ကြိမ် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။



အငူမော်ကုန်တန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဌေးက “ ဘာကြောင့် စစ်ဆေးတယ်ဆိုတာ ကျွန်တော် မသိပါ။ အဓိက အိမ်ထောင်စုစာရင်းလောက်ကိုပဲ စစ်တာပေါ့နော်။ ကျွန်တော်လည်း အုပ်ချုပ်ရေးမှူးဆိုတော့ အိမ်တိုင်းက အိမ်ထောင်စုစာရင်းတွေ လိုက်ပြရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။



မတ် ၇ ရက် နံနက် ၆ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိသည့်  တပ်၊  ရဲနှင့် လဝက အဖွဲ့ဝင်များ ကျေးရွာကို ဝိုင်းဝန်းထားပြီး နံနက် ၇ နာရီတွင် ရွာထဲဝင်ကာ နေအိမ်များကို စစ်ဆေးကြောင်း သိရသည်။



“အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတယ်။ အိမ်ထောင်စုစာရင်းထဲက လူတွေက ဘယ်မှာလဲ၊ ဘာလုပ်နေလဲဆိုတာ စစ်ဆေးပါတယ်။ တစ်အိမ်ချင်းစီ အိမ်ပေါ်တက်ပြီး ရှာတာတွေ လုပ်တယ်။ စစ်သားရယ်၊ ရဲရယ်၊ လဝကရယ်နဲ့ လာစစ်ဆေးတာပါ။ သေတ္တာတွေကိုလည်း သူတို့ကို ဖွင့်ပြရပါတယ်။ သူတို့က ရွာအပြင်မှာလည်း ဟိုမှာ တစ်စု၊ ဒီမှာ တစ်စု ရပ်ပြီးတော့ စောင့်နေတာတွေ ရှိပါတယ် ” ဟု ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။



အငူမော်ကုန်တန်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ကျော်နှင့် ရှိကြောင်း သိရသည်။ လာရောက်စစ်ဆေးသည့် တပ်ရင်းမှာ ဘူးသီးတောင် တပ်ရင်းမှ ဖြစ်ကြောင်း ကျေးရွာသား နောက်တစ်ဦးက ပြောသည်။ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။



ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေထံ နိရဥ္စရာက ဆက်သွယ်ခဲ့ရာ ကျေးရွာအတွင်း စစ်ဆေးသည်ကို မသိသေးကြောင်း ပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...