ကျောက်တော် မြစ်ကမ်းတွင် ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမည်မသိ အလောင်း တစ်လောင်း တွေ့

ကျောက်တော် မြစ်ကမ်းတွင် ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမည်မသိ အလောင်း တစ်လောင်း တွေ့

မာန်ယုကျော် (ရွှေဝမြေ) — ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကမ်းနားလမ်း ဦးဥတ္တမပန်းခြံရှေ့ ကုလားတန်မြစ်ကမ်းစပ်၌ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမည်မသိ လူသေလောင်းတစ်လောင်းကို မတ်လ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြို့ခံများကတွေ့ရှိခဲ့ကြောင်း သိရသည်။

"သူ့ကို ဆာလာအိတ်နဲ့ ထုပ်ပြီး လက်တွေ၊ ခြေတွေကိုလည်း ကြိုးနဲ့ တုပ်ထားတယ်။ မျက်နှာတစ်ခုလုံးနဲ့ တစ်ခန္ဓာလုံး စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေလည်း ပါပါတယ်"ဟု မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

အသက် ၃ဝ နှင့် ၃၅ နှစ်ကြားအရွယ် အမျိုးသားအလောင်းဖြစ်ပြီး မည်သူမည်ဝါ မသိရသေးဟု ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က နိရဥ္စရာကို ပြောသည်။

"ဘယ်က အလောင်းလဲ မသိရတော့ ပြောရခက်တယ်လေ။ ပုဂ္ဂိုလ်ရေးကိစ္စလား၊ လူမှုရေးကိစ္စတွေလား၊ အမျိုးသားရေးကိစ္စလား၊ ခန့်မှန်းရခက်တယ်"ဟု ဦးမောင်မောင်က ဆိုသည်။

အဆိုပါအလောင်းကို ယင်းနေ့ ညနေပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောက်တော်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပြီးနောက် ကျောက်တော်သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...