ရခိုင်တွင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော်ထိ မြင့်တက်နေပြီဟု REC ထုတ်ပြန်

ရခိုင်တွင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော်ထိ မြင့်တက်နေပြီဟု REC ထုတ်ပြန်

နီမင်းထွန်း — ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူ (၁၂၈၄၃၅)ဦးအထိ မြင့်တက်နေပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဖေဖော်ဝါရီ ၂၉ ရက်တွင် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့် ပေါက်တောစသည့် မြို့နယ်(၁၀)မြို့နယ်တွင် ခိုလှုံနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သားတွေဟာ ဒုက္ခရောက်နေကြတယ်။ ဒါကို သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့အတွက် အချက်အလက်တွေကို တင်ပြတာဖြစ်တယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် မသက်ဆိုင်သူများ၏ အခက်အခဲကို တရားဥပဒေအရ၊ နိုင်ငံရေးအရ ကာကွယ်ပေးဖို့၊ လူသားတစ်ဦး၏ ရသင့်ရထိုက်သည့်အခွင့်အရေးကို မဆုံးရှုံး ရအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့နှင့် ပဋိပက္ခကြောင်း လူအများဒုက္ခအမျိုးမျိုးရောက်ေနပြီး ပဋိပက္ခကိုလျှော့ကျအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့အတွက်လည်း ရည်ရွယ်သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်ဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပြီး ၎င်းတို့၏ စား၊ ဝတ်၊ နေရေးမှာလည်း အခက်အခဲ ဖြစ်နေသည်ဟုလည်း REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“အခုလက်ရှိ စစ်ဘေးရှောင်တွေဟာ စား၊ ဝတ်၊နေရေး၊ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အခက်အခဲဖြစ်နေတယ်။ အစိုးရက ထောက်ပံ့တာလည်း လုံလောက်မှုမရှိ ဖြစ်နေတယ်”ဟု ပြောသည်။

တစ်နှစ်ကျော်အထိကြာမြင့်နေပြီဖြစ်သော ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများမှာ ဆက်လက်ပြီး ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ စစ်ဘေးရှောင် အရေအတွက်မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိ ကာလတွင် ရခိုင်မှ မြို့နယ်(၈)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက်လိုင်းဖြတ်တောက်ထားပြီး အရပ်သားသေဆုံးမှု ၁၀၀ ကျော် ရှိခဲ့ပြီး အရပ်သား (၅၀၀) ကျော်မှာလည်း ဖမ်းဆီး တရားစွဲခံထားရကြောင်း သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...