ပလက်ဝ ~ ကျောက်တော် စက်လှေတစ်စင်း ပစ်ခတ်ခံရ၊ လေးဦး ဒဏ်ရာရပြီး နှစ်ဦး ဖမ်းဆီးခံရ

ပလက်ဝ ~ ကျောက်တော် စက်လှေတစ်စင်း ပစ်ခတ်ခံရ၊ လေးဦး ဒဏ်ရာရပြီး နှစ်ဦး ဖမ်းဆီးခံရ

နီမင်းထွန်း — ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ထွက်ခွာလာသည့် စက်လှေတစ်စီး ဖေဖော်ဝါရီ ၂၆  ရက်က တင်းမကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသဖြင့် လူ ၄ ဦး ဒဏ်ရာရှိခဲ့ကြောင်း၊ ဆက်လက် မောင်းနှင်လာစဉ် တပ်မစစ်ဆေးရေးဂိတ်သို့ အရောက်တွင် စက်လှေပေါ်မှ လူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ရခိုင်လူငယ်ညီလာခံအဖွဲ့(AYC)မှ ကိုကျော်လှနှင့် ဘူးသီးတောင်မြို့နယ်မှ ၁၀တန်း ကျောင်းသားတစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

လှေပေါ်လိုက်ပါလာသော အမည်မဖော်လိုသည့် အမျိုးသမီး တစ်ဦးက “ကျမတို့ တင်းမ အနားကို ရောက်တဲ့အခါ စက်လှေကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်လို့ လူ ၄ ယောက် ဒဏ်ရာ ရသွားတယ်။ ပြီးတော့ ကျောက်တော် တပ်မကို ရောက်တဲ့ အခါ စက်လှေကို ကပ်ခိုင်းတယ်။ ခရီးသည်တွေကို စစ်ဆေးတယ်။ မှတ်ပုံတင် တွေပြရတယ်။ အဲဒီမှာ မှတ်ပုံတင် မရှိတဲ့ ဘူးသီးတောင်က ၁၀ တန်းကျောင်း တစ်ယောက်နဲ့ ပလက်ဝကနေ လိုက်ပါလာတဲ့ ကိုကျော်လှ တို့ကို ဖမ်းဆီး ထားလိုက်တယ်” ဟု နိရဥ္စသတင်းဌာနကိုပြောသည်။

 ဒဏ်ရာရသူ လူနာ ၄ ဦးမှာ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၇ နာရီခွဲကျော်ခန့်တွင် ကျောက်တော်ဆေးရုံကိုရောက်ရှိလာခဲ့သည်ဟု သိရသည်။  စက်လှေမောင်းသူ ဦး ကိုကိုမောင်(၂၉)နှစ်၊ ဦးမောင်ကြည်စိုး(၃၀)၊ ဦး မောင်အေးထွန်း(၃၀)နှစ်နှင့် ဒေါ် ခင်မာဖြူ(၃၆)နှစ်တို့ဖြစ်ကြောင်း သိရသည်။

စက်လှေမောင်းသူ ဦးကိုကိုမောင်၏ ခြေသလုံးကို ကျည်ဖောက်သွားပြီး တခြားသူများတွင်လည်း တင်ပါး၊ ဦးခေါင်း၊ကြောနှင့် ဂျိုင်းနားတို့တွင် ဒဏ်ရာရသွားသည်ဟု ဒဏ်ရာရသူ ဦးမောင်ကြည်စိုးက ပြောသည်။

 “ကျနော့်မှာတော့ ဦးခေါင်းမှာဒဏ်ရာရတယ်။ စက်လှေမောင်းတဲ့သူမှာတော့ ခြေသလုံးကို ကျည်ဖောက်သွားတယ်။ သူ့အခြေအနေကစိုးရိမ်ရတယ်။ ကျနော်နဲ့ တခြားသူတွေမှာလည်း တင်ပါး၊ ကြောနဲ့ ဂျိုင်းနားတို့မှာ ဒဏ်ရာရသွားတယ်”ဟု ဦးမောင်ကြည်စိုးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အဲဒီမှာ တိုက်ပွဲဖြစ်တာပဲ သိတယ်။ ကျန်တာ ဘာမှ မသိဘူး”ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

 ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် တင်းမအနီး ငန်းတောင်အရှေ့ဘက် ဝါးခုတ်ချောင်းထဲတွင် ယင်းမတိုင်မီ တစ်ရက် နံနက်ပိုင်းက ရက္ခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်မှ စစ်ရဟတ်ယာဉ် ၃ စီး၊ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် သုံးကြိမ်ထက် မနည်း လာရောက်ပစ်ခတ်ခဲ့သည်ဟု မျက်မြင် ဒေသခံများကပြောသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...