ဘူးသီးတောင်တွင် မူလွန်ကျောင်းတစ်ခုထဲ လက်နက်ကြီးကျည် ကျ၊ ကျောင်းသား ၂၁ ဦး ဒဏ်ရာရ

ဘူးသီးတောင်တွင် မူလွန်ကျောင်းတစ်ခုထဲ လက်နက်ကြီးကျည် ကျ၊ ကျောင်းသား ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စညှင်းဝေအုပ်စု ခမွေချောင်းကျေးရွာတွင် အမက မူလွန် စာသင်ကျောင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ကျောင်းသား ၂၁ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ခမွေချောင်းကျေးရွာသည် ခမီ ကျေးရွာတစ်ရွာဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ ခမီလူမျိုး ကျောင်းသားများ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မှာ ၉ နာရီခွဲကပင် ကျောင်းတက်ပါတယ်။ ကျောင်းတက်နေတဲ့အချိန် ၁၀ နာရီ ခွဲလောက်မှာ ကျပါတယ်။ ကျောင်းအလယ်တည့်တည့်ကို ကျတာပါ။ လက်နက်ကြီးက တောင်ဘက်ကနေ လာပါတယ်။ အခု ကလေးတွေကို ဆိုင်ကယ်တွေနဲ့ ဘူးသီးတောင်ကို ယူလာဖို့ လုပ်နေကြပါတယ်” ဟု ကျောင်းဆရာ ဦးသာအေးမောင်က အခင်းဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း ပြောသည်။

ယင်းနေ့ နံနက်ပိုင်းက စတင်ပြီး ကမ်းပိုင်ချောင်းကျေးရွာအရှေ့ဘက် အုတ်တောင်ကျေးရွာနှင့် ခမွေချောင်းကျေးရွာကြား တစ်မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်စွာ တစ်နာရီခန့် ကြာတိုင် ဖြစ်ပွားခဲ့ကြောင်း ခမွေကျေးရွာသားများက ပြောသည်။

ခမွေချောင်းကျေးရွာနေ ဦးကျော်သာခိုင်က “ကျောင်းသားနာမည်တွေကိုတော့ လတ်တလော ရနိုင်ဖို့ မဟုတ်ပါ။ အခု ဒဏ်ရာရသူတွေကို ဆေးရုံကို ချယူဖို့ အလုပ်များနေလို့ပါ။ ကျနော်တို့ရွာနဲ့ ကမ်းပိုင်ချောင်းကြားမှာ တိုက်ပွဲ ဖြစ်နေတာတော့ ကြားပါတယ်။ မနက် ၉ နာရီကနေ စဖြစ်တာပါ။ အခုရပ်သွားတာ မိနစ် ၂၀ လောက်ပဲ ရှိသေးတယ်” ဟု ယင်းနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်က ဆက်သွယ်မေးမြန်းစဉ် ပြောသည်။

အဆိုပါကျောင်းရှိ ကျောင်းသား/သူ စုစုပေါင်း ၆၀ ကျော်အနက် ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း၊ ကျောင်းသူ တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း၊ လက်ရှိတွင် ဘူးသီးတောင်ဆေးရုံသို့ သယ်ယူလာနေကြောင်း ကျောင်းဆရာတစ်ဦးက ပြောသည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...