ကချင် ဓမ္မဆရာ နှစ်ဦးအမှု ညှိနှိုင်းနေဆဲဟု ဆို

ကချင် ဓမ္မဆရာ နှစ်ဦးအမှု ညှိနှိုင်းနေဆဲဟု ဆို

မြစ်ကြီးနားအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော ကချင်ဓမ္မဆရာ နှစ်ဦးကို နောက် တစ်ပတ်ခန့်အကြာထိ ထပ်မံ ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

ဆရာ နှစ်ဦးနှင့်ပတ်သက်ပြီး ကချင်ဘာသာရေးဆရာများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ ပါဝင်သော စုပေါင်းကော်မတီနှင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) တို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် တွေ့ဆုံမှုအရ ယင်းသို့ သိရကြောင်း သိက္ခာတော်ရဆရာ လဝမ် ပြောသည်။

“ဆရာနှစ်ဦးနဲ့ပတ်သက်ပြီး မနေ့က စုပေါင်းကော်မတီဝင်တွေနဲ့ စရဖတို့ အစည်းအဝေး ပြုလုပ် ညိနှိုင်းခဲ့ကြတယ်။ ကျနော့်အထင်က ၃၊ ၄ရက်လောက်တော့ စောင့်ရအုံးမယ်ထင်တယ်။ အလွန်ဆုံး ၁ပတ်ပေါ့။ သူတို့ကလည်း အထက်က အမိန့်အတိုင်းလုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အခက်အခဲရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် သူတို့ဘက်က လွတ်ပေးဖို့က အစီအစဉ်ရှိမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ထိန်းသိမ်းခံနေရသည့် လူငယ်ဆရာတူးထန်နှင့် သိက္ခာတော်ရ ဆရာဘီမာဒေါင်လွမ်းတို့မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့ အစီအစဉ်တွင် ပါဝင်မှုမရှိခဲ့သော်လည်း လက်ရှိတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့် တရားစွဲခံထားရကြောင်း သိရသည်။

သက်ဆိုင်ရာ အာဏပိုင်များနှင့် ညိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေသောကြောင့် အချိန်အနည်းငယ် စောင့်ဆိုင်း ပေးရန်လိုအပ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ကချင်သတင်းဌာန KNG သို့ပြောဆိုခဲ့သည်။

ဆရာ  နှစ်ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။

(၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားကို မြစ်ကြီးနားဂျော်ဘွမ်ဆုတောင်းတောင်တွင်ပြုလုပ်ခဲ့ရာ လူငယ်များက ဦးစီးခဲ့ပါသည်။

ထိုအစီစဉ်တွင် တရားဥပဒေဘောင် ကျော်လွန်လုပ်ဆောင်မှုများ ရှိခဲ့ကြောင်းနှင့် နောက်နောင် ယခုလိုမဖြစ်ရန် ထိန်းသိမ်းမည့်အကြောင်း တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)သို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR က ဖေဖော်ဝါရီ ၇ ရက်တွင် စာတင်ပြခဲ့သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...