ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းနည်းပါးလွန်းခြင်းကြောင့် အခက်အခဲများကြံုရ

ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းနည်းပါးလွန်းခြင်းကြောင့် အခက်အခဲများကြံုရ
by -
ချင်းဝေါလ်
ချင်းပြည်နယ်၊ ပလက်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များရှိပြီး၊ အခက်အခဲများနှင့် ရင်ဆိုင်လျက်ရှိသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာစန်းမာမှပြောသည်။

ဒေါက်တာစန်းမာမှ..” ပလက်ဝမြို့နယ်နယ်တွေမှာ ကျန်းမာရေးဆေးပေးခန်းလိုအပ်ချက်တွေလည်းရှိပါတယ်။ ဒါပေမယ့် အဓိကပြသနာပိုဖြစ်တာကတော့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ပါ။ ဥပမာပြောရရင် ကျန်းမာရေးမှူးက တမြို့နယ်လုံးမှာ ဆယ်ယောက်ကျော် လိုအပ်လေ့ရှိတာမှာ ပလက်ဝမှာ တစ်ယောက်တည်းပဲရှိတယ်။

သားဖွားဆရာမဆိုရင်လည်း ၄၅ ယောက်လောက် လိုအပ်တာ ၃၀ ကျော်လောက်ပဲရှိတယ်။ ဆိုတော့ ဒီလိုနည်းပါးတဲ့အခြေအနေမှာ အဆင်ပြေသလိုလုပ်နေရတဲ့အတွက် ၀န်ထမ်းတွေအတွက်လည်း အခက်အခဲအများကြီးဖြစ်စေပါတယ် ” ဟုဆိုသည်။

ပလက်ဝမြို့ ပြည်သူ့ဆေးရုံသည် ကုတင် (၂၅) မှ ကုတင် (၅၀) သို့ ၂၀၁၆ ဇန်နဝါရီလတွင် တိုးမြှင့်နိုင်ခဲ့ပြီးဖြစ်ပြီး၊ ချင်းပြည်နယ် စည်ပင်၊လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်မှ ကုတင် (၁၀၀) အဆင့်အထိ တိုးမြှင့်နိုင်ရန်အတွက် ကြိုးပမ်းမည်ဟုဆိုခဲ့သည်။

ဒေါက်တာစန်းမာမှ “ကုတင် (၁၀၀) အထိတိုးမြှင့်ဖို့က လက်ရှိအနေအထားအရ စောဦးမယ် ထင်ပါတယ်။ အခုက ကုတင် (၅၀) ဆေးရုံနဲ့ လုံလောက်တဲ့ ပစ္စည်းကရိယာတောင် အပြည့်အစုံမရသေးပါဘူး။  ဥပမာ- ဓါတ်မှန်စက်တွေ၊ ဆေးရုံအုပ်နဲ့ ၀န်ထမ်းတွေအတွက် အိမ်ရာတွေ အပြည့်အဝရရင် လုံလောက်နေသေးတယ်လို့ မြင်ပါတယ်။ ကုတင် (၁၀၀) ကို ကန့်ကွက်တာတော့ မဟုတ်ပါဘူး။ ကုတင် (၅၀) ဆေးရုံဖွဲ့စည်းပုံနဲ့ ပြည့်စုံရင်တောင် အတော်လှုပ်ရှားနိုင်သေးတယ်လို့ ပြောချင်တာပါ” ဟု ဆိုသည်။

ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါနှင့် အစာအိမ်နှင့်စပ်လျဉ်းသော ရောဂါများအဖြစ်များသည်ဟုလည်း သိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...