ကချင်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ရွှေ့ပြောင်း

ကချင်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ရွှေ့ပြောင်း
ဆရာ ၂ ဦးကို အကျဉ်းထောင်သို့ခေါ်ဆောင်သွားစဉ်
ဆရာ ၂ ဦးကို အကျဉ်းထောင်သို့ခေါ်ဆောင်သွားစဉ်

ကချင်တော်လှန်ရေးနေ့အခမ်းအနားတွင် ပြဇာတ်ဖျော်ဖြေမှုကြောင့် ထိန်းသိမ်းခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ယခု ရွှေ့ပြောင်းလိုက်ပြီဖြစ်သည်။

ဓမ္မဆရာ ၂ ဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းတွင် စတင်ထိန်းသိမ်းခဲ့ပြီးနောက် ၆ ရက်မြောက်နေ့တွင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

“အခု ဒီကိစ္စက ညှိနှိုင်းနေတယ်လေ။ ဒါပေမယ့် ထောင်က ၁၂ နာရီ ဆို ထောင်ပိတ်တယ်လေ။ ရဲစခန်းကတော့ ထောင်ပိတ်တော့ နေ့မကူးချင်ဘူးထင်တယ်လေ” ဟု သိက္ခာတော်ရ ဆရာလဝမ် ပြောသည်။

ထိန်းသိမ်းခံနေရသော ဆရာ Sumlut Tu Htang နှင့် ဆရာ Bima Dau Lum တို့ ၂ဦးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင်ပြုလုပ်သော ပြဇာတ်တွင် ပါဝင်ခဲ့ခြင်းမရှိဟု သိရသည်။

အဆိုပါအမှုအတွက် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၊ ကချင်ရှေ့နေများကွန်ရက် ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တို့ ပူးပေါင်းပြီး တပ်မတော် နှင့် ညှိ့နှိုင်းနေစဉ် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပြဇာတ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တံဆိပ်မပါသည့် ယူနီဖောင်းများ ဝတ်ဆင်ကာ ပြုလုပ်ခဲ့သဖြင့် ထိုအချက်ကို သဘောမကျတာဖြစ်နိုင်ကြောင်း ဆရာလဝမ် သုံးသပ်ပြောဆိုထားသည်။

သို့သော်လည်း မည်သည့်ပုဒ်မကြောင့် အရေးယူကြောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ရှင်းလင်းပြောဆိုခြင်း မရှိသေးပါ။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...